Connect with us

Media

ကွန်ဂရက်ဘတ်ဂျက် ကျပ်တည်းနေသည့်ကြားမှ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီသစ် ပေးအပ်မည်ဟု ဘိုင်ဒန်ကြေညာ

ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်ကွန်ဂရက်က ဖက်ဒရယ်အစိုးရရပ်ဆိုင်းမှု အခြေအနေကိုရှောင်လွှဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေစဉ် ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၂၅ သန်း တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာအကူအညီ အသစ်များ ပေးအပ်မည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ကြောင်း၊ ယင်းအကူအညီတွင် လေကြောင်းရန်ကာကွယ်မှုများ ပိုမိုပါဝင်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ဝါရှင်တန်သို့ ရောက်ရှိနေစဉ် ယင်းအစီအစဉ်ကို ဘိုင်ဒန်က ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကူအညီပေးရေးအစီအစဉ်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ အဆင့်မြှင့်တင်ထားသော ပုံစံနှစ်မျိုးအသုံးပြုနိုင်သော သမားရိုးကျလက်နက်ခဲယမ်းမီးကျောက်များ၊ တင့်ကားဖျက်လက်နက်များနှင့် အခြားပစ္စည်းများ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
သို့ရာတွင် အဆိုပါ အကူအညီများတွင် ယူကရိန်းနိုင်ငံက လိုချင်သော အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည့် တာဝေးပစ် ATACMS ဒုံးကျည်များ မပါဝင်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် အစောပိုင်းက သမ္မတ ဘိုင်ဒန်၊ အမေရိကန်ကွန်ဂရက်အမတ်များ၊ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့နှင့် တွေ့ဆုံခဲ့ကာ ယူကရိန်းအတွက် အကူအညီများ ပိုမိုပေးအပ်ရန် ဆွေးနွေးခဲ့ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်က ယူကရိန်းအား ပေးအပ်ခဲ့သော စစ်ဘက်ဆိုင်ရာ အကူအညီများမှာ စုစုပေါင်း ဒေါ်လာ ၄၃.၉ ဘီလီယံအထိ ရှိခဲ့ကြောင်း အမေရိကန်အစိုးရ ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

……………………………
(English Version)
Biden announces new military aid for Ukraine amid Congress budget deadlock
WASHINGTON, Sept. 22 (Xinhua) — U.S. President Joe Biden on Thursday announced a new military aid package worth 325 million U.S. dollars for Ukraine, including more air defense, while the U.S. Congress is struggling to reach a compromise to avert a federal government shutdown.
Biden announced the package during Ukrainian President Volodymyr Zelensky’s visit to Washington.
The package includes counter-airstrike systems, dual-purpose improved conventional munitions, and anti-tank weapons, among others, said the U.S. Department of Defence in a press release.
The package, however, does not include the longer-range ATACMS missiles Kiev wanted, which can strike up to 300 km away.
Zelensky earlier met with Biden, U.S. Congress members, and Defense Secretary Lloyd Austin to discuss more aid for Ukraine, U.S. media reported.
Since February 2022, U.S. military aid to Ukraine has totaled 43.9 billion dollars, according to U.S. government figures.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.