ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် Frederickမြို့ရှိ Fort Detrickစစ်အခြေစိုက်စခန်းအနီးတွင် ဧပြီ ၆ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးသည် စစ်အခြေစိုက်စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းချိန်တွင် သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် တားဆီးထိန်းသိမ်းထားသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူဦးရေသည် မတ်လပိုင်းတွင် (၁၇၁,၀၀၀) ကျော်ရှိရာ ၎င်းမှာ နှစ်ပေါင်း (၂၀)ကာလ၌ တစ်လအတွင်း လူဦးရေအများဆုံးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လွှတ်တော်အဆောက်အအုံ (Capitol) အနီး ဧပြီ ၂ ရက် မွန်းလွဲပိုင်း၌ အတားအဆီးများအား အမျိုးသားတစ်ဦးက ကားတစ်စီးဖြင့် ဝင်တိုက်ပြီး နှစ်နာရီခန့်အကြာတွင် ယင်းနေရာသို့ ဝင်ထွက်ခွင့် ပိတ်ပင်ထားခြင်းကို ဖြေလျှော့ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲအရာရှိတစ်ဦးသေဆုံးပြီး...
ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ဖြင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင် COVID-19 ရောဂါက လူသေဆုံးမှု တတိယအများဆုံးနေရာတွင် ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာ(CDC)၏ မတ် ၃၁ ရက်တွင်...
လော့စ်အိန်းဂျလိစ်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့လယ်ခေါင်မှာ အရှေ့တောင်ဘက် ၅၅ ကီလိုမီတာအကွာရှိ အောရိန်းမြို့တွင် မတ် ၃၁ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြား ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း NBC...
ဝါရှင်တန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) အရွယ်ရောက်ပြီးသား အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်းသည် လာမည့်သုံးပတ်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိကြမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မတ် ၂၉ ရက်တွင် ကြေညာခဲ့သည်။
ဝါရှင်တန်၊မတ် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် ဗာဂျီးနီးယားပင်လယ်ကမ်းခြေ၌ မတ် ၂၆ ရက် ညပိုင်းက အနည်းဆုံး ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအရေအတွက်မှာ မတ် ၂၄ ရက်၌ သန်း ၃၀ ကျော်သွားပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE) အရ သိရသည်။
ဝါရှင်တန်၊မတ် ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကော်လိုရာဒိုပြည်နယ် Boulder မြို့ရှိ စားသောက်ကုန်စည်ရောင်းချသော စတိုးဆိုင်တစ်ခု၌ မတ် ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော လူ ၁၀ ဦးသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုအပေါ် အလွန်စိတ်ထိခိုက်ခံစားရကြောင်း မတ် ၂၃ ရက်တွင် ပြောကြားခဲ့ပြီး မကြာသေးခင်က (House) လွှတ်တော်တွင် အတည်ပြုခဲ့သည့်...