Connect with us

Media

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရေမွန်ဒို တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဩဂုတ် ၃၁ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဂျီနာ ရေမွန်ဒို (Gina Raimondo) နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဩဂုတ် ၂၉ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လီချန်က ကောင်းမွန်တည်ငြိမ်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်အကျိုးရှိသလို ကမ္ဘာကြီးအတွက်လည်း အကျိုးရှိကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဘိုင်ဒန်တို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ရာ အရေးကြီး သဘောတူညီချက်များ ရရှိခဲ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို လမ်းညွှန်မှုပေးခဲ့ကြောင်း ၊ ယခုကာလများတွင် အမေရိကန်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင် ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှု၌ အတည်ပြုထားသော အစီအစဉ်များကို ပြန်လည် အားထားဆောင်ရွက်လိုကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့ရာ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း ၊ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ မှန်ကန်သော လမ်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ပို၍လက်တွေ့ကျ၊ အကျိုးရှိသော လှုပ်ရှားမှုများကို လုပ်ဆောင်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်း၍ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း လီချန်က ပြောကြားခဲ့သည်။

လီချန်က တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ ပကတိအနှစ်သာရမှာ အပြန်အလှန်အကျိုးရှိ၍ဘုံအကျိုးဖြစ်ထွန်းစေခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွားရေးရာကို နိုင်ငံရေးအသွင်ပြောင်းခြင်း၊ လုံခြုံရေးအသွင်အဖြစ် ကျယ်ပြန့်စွာ ပြောင်းလဲနေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးနှင့်အပြန်အလှန် ယုံကြည်မှုကို ဆိုးရွားစွာ ထိခိုက်စေရုံသာမက နှစ်နိုင်ငံ လုပ်ငန်းနှင့်ပြည်သူများ၏ အကျိုးစီးပွားကိုလည်း ပျက်စီးစေပြီး ကမ္ဘာ့စီးပွားရေးအတွက် ကပ်ဘေးအသွင် သက်ရောက်မှုဖြစ်စေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပြီး အမေရိကန်နိုင်ငံသည် အကြီးဆုံး ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ကြောင်း ၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်း ထိပ်တိုက်ရင်ဆိုင်မှု၊ပွတ်တိုက်မှုများကို လျှော့ချခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်လာရေး အတူတကွ တွန်းအားပေးပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်၍ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ အမေရိကန်နိုင်ငံကိုလည်း တရုတ်နိုင်ငံနှင့်အတူ ရည်ရွယ်ချက်တူ လျှောက်လှမ်းစေလိုကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှုကို တက်ကြွစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ဈေးကွက်အသွင်၊ တရားဥပဒေစိုးမိုးရေးအသွင် ၊ နိုင်ငံတကာ အသွင်ရှိသည့် အကောင်းဆုံး စီးပွားရေးပတ်ဝန်းကျင်ကို ကြိုးပမ်း တည်ဆောက်လျက်ရှိကြောင်း၊ ဈေးကွက်ဝင်ရောက်မှုကို တစ်ဆင့်တိုး ဖြေလျှော့သွားမည်ဖြစ်သလို ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နိုင်ငံသားများ ခံစားခွင့် ရှိသည့်အတိုင်း ဖော်ဆောင်လျက်ရှိပြီး တရားမျှတစွာ ယှဉ်ပြိုင်မှုကို ထိန်းသိမ်းကာကွယ် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပတံခါးဖွင့်လှစ်မှုသည် ပို၍ ပွင့်လင်းကျယ်ပြန့်လာမည်သာ ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

ဂျီနာ ရေမွန်ဒိုက ဘိုင်ဒန်အစိုးရသည် တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ စားဝတ်နေရေး ကောင်းမွန်အောင် ဆောင်ရွက်မှုများကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို တားဆီးရန် ဆန္ဒမရှိသလို တရုတ်နိုင်ငံနှင့်ကွင်းဆက်ဖြတ်တောက်ရန် ကြိုးပမ်းမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားလိုပြီး တရုတ်-အမေရိကန် ပုံမှန် ကုန်သွယ်စီးပွားဆက်ဆံရေးကို ထိန်းသိမ်းကာ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဉာဏ်ရည်တု ၊ ဥတုရာသီပြောင်းလဲမှု၊ ဖန်တာနိုင်းလ် (fentanyl) တိုက်ဖျက်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားလိုကြောင်း ဂျီနာ ရေမွန်ဒိုက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
李强会见美国商务部长雷蒙多
新华社北京8月29日电国务院总理李强8月29日下午在人民大会堂会见美国商务部长雷蒙多。
李强表示,一个健康稳定的中美关系既有利于两国,也有利于世界。去年习近平主席同拜登总统在印尼巴厘岛成功会晤,达成一系列重要共识,为中美关系指明了方向。近期美方多次表示,致力于重回两国元首巴厘岛会晤确定的议程,中方对此表示欢迎。相互尊重、和平共处、合作共赢,是中美相处的正确之道。希望美方与中方一道努力,拿出更多务实有益行动,把中美关系维护好、发展好。
李强指出,中美经贸关系的本质是互利共赢。把经贸问题泛政治化、泛安全化,不仅严重影响两国关系与互信,也损害两国企业和人民的利益,将给全球经济带来灾难性影响。中国是最大的发展中国家,美国是最大的发达国家。双方应加强互利合作,减少摩擦对抗,共同推动世界经济复苏,应对全球性挑战。中方愿同美方加强经贸领域对话合作,推动两国经贸关系健康发展,希望美方同中方相向而行。中国积极推动高水平对外开放,努力打造市场化、法治化、国际化一流营商环境,进一步放宽市场准入,落实好外资企业国民待遇,维护和促进公平竞争,对外开放的大门只会越开越大。
雷蒙多表示,拜登政府支持中国发展经济、改善民生,无意遏制中国发展,不寻求同中国脱钩,愿同中方保持沟通,维护美中正常经贸关系,推动两国关系稳定发展。美方也愿同中方加强在人工智能、气候变化、打击芬太尼等领域合作。