Asia5 years ago
အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၅ ဦး အထိရှိလာ
နယူးဒေလီ၊ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြအဓိကရုဏ်းဖြစ်ပွားမှုများကြောင့် ဒီဇင်ဘာ ၂၁ ရက်က အမျိုးသား တစ်ဦးသေဆုံးခဲ့ရာ ယခုဆိုလျှင် ယင်းပြည်နယ်တွင် သေဆုံးသူ ၁၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။