Connect with us

Asia

အိန္ဒိယနိုင်ငံ  ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၅ ဦး အထိရှိလာ  

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင်  နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်သည့် ဆန္ဒပြအဓိကရုဏ်းဖြစ်ပွားမှုများကြောင့်   ဒီဇင်ဘာ ၂၁ ရက်က အမျိုးသား တစ်ဦးသေဆုံးခဲ့ရာ  ယခုဆိုလျှင် ယင်းပြည်နယ်တွင် သေဆုံးသူ ၁၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်တွင် သုံးရက်အတွင်း အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၅ ဦးရှိကြောင်း၊ ၎င်းတို့အနက် ၁၃ဦးမှာ ဒီဇင်ဘာ ၂၀ ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် လူနင်းခံရ၍သေဆုံးသော ၈ နှစ်အရွယ်ယောကျာ်းလေးတစ်ဦးပါဝင်ကြောင်း ယင်းပြည်နယ် အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဆင်ဟွာကို ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်  သေဆုံးသူမရှိဟု ဥတ္တရာပရာဒက်ရှ်ပြည်နယ် ရဲချုပ် Singhဆိုသည်။ အိန္ဒိယ မီဒီယာ သတင်းများအရ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်၊ မျက်ရည်ယိုဗုံးများသုံးပြီး လူစုခွဲခဲ့သလို ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ကို ခဲများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

ဥတ္တရာပရာဒက်ရှ်ပြည်နယ်အစိုးရက စုဝေးလှည့်လည် ဆန္ဒပြမှုများကို တားမြစ်မိန့်ထုတ်ထားသလို  ယင်းပြည်နယ်၏မြို့တော် လက်ခ်နောင်း(Lucknow) အတွင်းရှိ ဒေသ ၁၂ ခုကိုလည်း အင်တာနက် ဝန်ဆောင်မှုများ ခေတ္တဖြတ်တောက်ထားကြောင်း သိရသည်။အိန္ဒိယ လွှတ်တော်မှ အတည်ပြုခဲ့သော နိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်ကို ဆန့်ကျင်သည့် လှည့်လည်ဆန္ဒပြမှုနှင့်အဓိကရုဏ်များ   ယခုရက်ပိုင်းများတွင် နယူး ဒေလီမြို့တော် အပါအဝင် အိန္ဒိယနိုင်ငံ နေရာအနှံအပြား၌ ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ အဓိကရုဏ်များကြောင့် အိန္ဒိယနိုင်ငံ  ကာနာတာကာ(Karnataka)ပြည်နယ်တွင် ၂ ဦး ၊အရှေ့မြောက်ပိုင်း အာသံ(Assam)ပြည်နယ်တွင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ) 

နိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက်ကို ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် တွင် အိန္ဒိယ အောက်လွှတ်တော်နှင့်အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအသက်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေ ပြင်ဆင်ချက်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီကာလအတွင်း အိန္ဒိယသို့ ဝင်ရောက်လာသော ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် နှင့်အာဖဂန် သုံးနိုင်ငံများမှ မွတ်ဆလင်ဘာသာဝင်များမှအပ ဘာသာ ၆မျိုး ကိုးကွယ်သော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.