ဂျီနီဗာ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း၌ အသစ်ထပ်တိုးသော ကိုဗစ်အတည်ပြုလူနာ ဦးရေ ၁၈ သန်းရှိခဲ့ပြီး အချို့နိုင်ငံများတွင် ထပ်တိုးလူနာဦးရေသည် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇန်နဝါရီ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်...
နယူးယောက်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရွိုင်ရယ် ကာရေဘီယံ နိုင်ငံတကာအပျော်စီးသင်္ဘော (Royal Caribbean International cruise ship) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ ဒီဇင်ဘာ ၁၈ ရက်က ထွက်ခွာသွားပြီးနောက် သင်္ဘောပေါ်လိုက်ပါသွားသူ ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း...
လန်ဒန် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ လူနာသစ် ၄၀,၉၄၁ ဦးစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၉,၈၀၆,၀၃၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊နိုဝင်ဘာ ၁၇ (ဆင်ဟွာ) တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် အသက် ၃ နှစ်မှ ၁၁ နှစ် ကြားလူအုပ်စု အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ သတိပေးချက်များ ၁။တရုတ်နိုင်ငံတွင် အသက် ၃ နှစ်မှ ၁၇ နှစ်ကြား လူအုပ်စုများ အတွက် Sinopharm...
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ပေကျင်းမြို့ ဟိုင်တျန့်ခရိုင်တွင် အသက် ၃ နှစ်မှ ၁၁ နှစ်ကြား လူအုပ်စုများအား စနစ်တကျ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံသည့် လူအုပ်စုတွင် ကျောင်းဝင်းမှ ကျောင်းသားများနှင့် ကျောင်းဝင်းထဲမှမဟုတ်သော လူအုပ်စုတို့ ပါဝင်ပြီး...
ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြင့်တက်လာစဉ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံအား ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်တစ်ရပ်ကို ဩဂုတ် ၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရောမ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် (supply chain) အပေါ် ရိုက်ခတ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်က ရှိခဲ့သည့်အဆင့်များထက် ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ရာ မေလတွင်လည်း ၁၂ လဆက်တိုက်အဖြစ် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)...
ဂျကာတာ ၊ မေ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမျိုးစိတ်သစ် နှစ်မျိုး ကူးစက်ခံထားရသော လူနာသစ် ၃ ဦး စစ်ဆေးတွေ့ရှိကြောင်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။
မာလာဘို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အီကွေတာဂီနီနိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ဖေဖော်ဝါရီ ၁၅ ရက်က ခံယူခဲ့ကြောင်း အီကွေတာဂီနီ ဒီမိုကရက်တစ်ပါတီ (PDGE) ၏ တရားဝင်ဝက်ဘ်ဆိုက်အရ...
ပဲရစ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြင်သစ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် မဖြစ်မနေခရီးသွားလာမှုမှလွဲ၍ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံများနှင့် နယ်စပ်များကို ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ပိတ်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Jean Castex က ဇန်နဝါရီ ၂၉...