Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ၌ ဗီဇပြောင်းလဲ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်ခံရသူ ၃ ဦး တွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ လူထုကျန်းမာရေးစင်တာတစ်ခု၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက အကာအကွယ်ဝတ်စုံဖြင့် အာခေါင်တို့ဖက်နမူနာယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ မေ ၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်၏ ဗီဇပြောင်းလဲမျိုးစိတ်သစ် နှစ်မျိုး ကူးစက်ခံထားရသော လူနာသစ် ၃ ဦး စစ်ဆေးတွေ့ရှိကြောင်း အစိုးရအဖွဲ့က အတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။

ယင်းဗိုင်းရပ်စ်မျိုးစိတ်သစ်များသည် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သည့် B1617 ဟု လူသိများသော ဗိုင်းရပ်စ်မျိုးစိတ် နှင့် တောင်အာဖရိကနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် B1351 ဗိုင်းရပ်စ်မျိုးစိတ် တို့ဖြစ်ကြောင်း Sadikin က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် B1617 မျိုးစိတ် ကူးစက်ခံရသူ နှစ်ဦးရှိပြီး B1351 မျိုးစိတ်ကူးစက်ခံရသော အခြား လူနာတစ်ဦးမှာ ဘာလီကျွန်းမှဖြစ်ကြောင်း သိရသည်။ယနေ့ကာလအထိ ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ဗီဇပြောင်းလဲ ကိုရိုနာဗိုင်းရပ်စ် ၆ မျိုး စစ်ဆေးတွေ့ရှိထားသည်။

“အခြားမျိုးစိတ်တွေထက်စာရင် သူတို့ရဲ့ ကူးစက်မှုနှုန်းက သိပ်ကို မြင့်မားပြီး လျင်မြန်စွာပြန့်နှံ့သွားနိုင်လို့ အရေအတွက် နည်းပါးသေးတယ် ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု Sakikin ကဆိုသည်။
အဆိုပါ ဗီဇပြောင်းလဲ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဖြင့် ထိတွေ့ခဲ့သူများကို သီးခြားခွဲထားရန် ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါလူနာများနှင့်ထိတွေ့ခဲ့မိသူများအား အစောဆုံး ရှာဖွေဖော်ထုတ်မှုနှင့် စမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

—————————————
(English Version)

3 cases of coronavirus mutation detected in Indonesia
JAKARTA, May 4 (Xinhua) — The Indonesian government has confirmed the detection of three cases of two mutated variants of the coronavirus in the country, health minister Budi Gunadi Sadikin has said.
Sadikin said on Monday that the detected mutations were known as the B1617, first detected in India, and B1351, first detected in South Africa. Two cases of the B1617 variant were detected in the national capital Jakarta, while one case of the B1351 variant was detected in Bali Island.
To date, the archipelagic nation has detected six coronavirus variants.
“We need to manage this on account of the fact that the number is still small, as they can spread rapidly due to their higher infection rate as compared to other variants,” Sadikin said.
Isolation measures should soon be applied to those having contracted the new coronavirus strains, and those who came in contact with them should be traced and examined at the earliest, the minister added. Enditem

Photo – A health worker in protective gears collects a swab sample from a woman at a community health center in Jakarta, Indonesia, Jan. 7, 2021. (Xinhua/Zulkarnain)