နန်ချန်း ၊ ကျန်းရှီး ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(2019-nCoV) ရောဂါခံစားနေရသော လူနာတစ်ဦးသည် ရောဂါသက်သာလာ၍ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဆေးရုံတစ်ရုံမှ ဇန်နဝါရီ ၂၇ ရက်တွင် ဆင်းခွင့်ရရှိခဲ့ပြီး ၎င်းသည် ပြည်နယ်အတွင်း ပထမဆုံးရောဂါပျောက်ကင်းသည့် ဝေဒနာရှင်တစ်ဦးဖြစ်လာသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဆင့်မြင့်စီးပွားရေးအစီအစဉ်က ဝူဟန်မြို့၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) တိုက်ဖျက်ရေးအတွက် ထောက်ပံ့ရန် ရန်ပုံငွေ ယွမ် သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်) ခွဲဝေသတ်မှတ်ထားကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ရန်ဆောင်ရွက်ချက်တစ်ခု အနေဖြင့် နွေဦးပွဲတော် နှစ်သစ်ကူးအားလပ်ရက်ကို ဖေဖော်ဝါရီ ၂ ရက်ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။