Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ် လူနာတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်တစ်ဦး ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ပြုစဉ်(ဆင်ဟွာ)

နန်ချန်း ၊ ကျန်းရှီး ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(2019-nCoV) ရောဂါခံစားနေရသော လူနာတစ်ဦးသည် ရောဂါသက်သာလာ၍ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ် ဆေးရုံတစ်ရုံမှ ဇန်နဝါရီ ၂၇ ရက်တွင် ဆင်းခွင့်ရရှိခဲ့ပြီး ၎င်းသည် ပြည်နယ်အတွင်း ပထမဆုံးရောဂါပျောက်ကင်းသည့် ဝေဒနာရှင်တစ်ဦးဖြစ်လာသည်။

Xingan မြို့မှ အသက် ၃၈ နှစ်အရွယ်အမျိုးသားတစ်ဦးသည် သူငယ်ချင်းတစ်ဦးနှင့်အတူ ဟူပေပြည်နယ် Honghu မြို့သို့ ဇန်နဝါရီ ၃ ရက်က ကားမောင်းသွားရောက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် Xingan မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။ မကြာမီတွင် ၎င်းသည် အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း နှင့် ရင်ကြပ်ခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရသည်။ ၎င်းသည် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ၊ ပြည်နယ်အတွင်းရှိ နန်ချန်းတက္ကသိုလ် ဆေးရုံသို့ ဇန်နဝါရီ ၂၃ရက်တွင် တက်ရောက်ဆေးကုသခံယူခဲ့ရကြောင်း နှင့် ပြည်နယ်အတွင်း ပထမဆုံး ဆေးရုံတက်ရသည့် လူနာတစ်ဦးဖြစ်လာကြောင်း သိရသည်။

ဆေးရုံသို့ရောက်ရောက်ချင်းတွင် ၎င်းသည် စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေခဲ့ကြောင်း ဆေးရုံ၏ အသက်ရှူလမ်းကြောင်း နှင့် အရေးပေါ်ကုသရေးဌာန ဒုတိယညွှန်ကြားရေးမှူး Xu Fei က ဆိုသည်။ ဆေးကုသမှုခံယူပြီးနောက် ရောဂါသက်လာသဖြင့် အမျိုးသားကျန်းမာရေးကော်မရှင်၏ ထောက်ခံချက်အရ ၎င်းအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း Xu ကဆိုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုံးပြည်နယ်တွင် အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာတစ်ဦးမှာလည်း ရောဂါသက်သာလာဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရန် အသင့်ဖြစ်နေကြောင်း ဇန်နဝါရီ ၂၇ ရက်ကပြုလုပ်သည့် ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

၎င်းလူနာသည် ဝူဟန်မြို့သားတစ်ဦးဖြစ်ပြီး ရှန်းတုံးမြို့ Rizhao တွင်လာရောက် အလုပ်လုပ်နေသူတစ်ဦးဖြစ်သည်။ ၎င်းသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။နိုဗယ်ကိုရိုနာ (2019-nCoV) ရောဂါဖြစ်ပွားနေသူ ၂,၇၄၄ ဦးရှိကြောင်း ၊ ၈၀ ဦးသေဆုံးပြီး ၅၁ ဦးပြန်လည်သက်သာလာကြောင်း ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက် အရသိရသည်။(Xinhua)