ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကို “COVID-19”ဟု ခေါ်ဆိုရန် အမည်ပေးလိုက်ပြီဖြစ်ကြောင်း WHOညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။WHOရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၊ ရောဂါဖြေရှင်းရေး ဗဟိုဦးဆောင်အဖွဲ့ခေါင်းဆောင် လီခဲ့ချန်က...
ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကိုရိုနာ အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံက ဘက်စုံတွန်းလှန်တိုက်ဖျက်နေချိန်တွင် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က ရောဂါဖြစ်ပွားမှုသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အမေရိကန်သို့ ပြန်လာရန် အထောက်အပံ့အခွင့်အလမ်းဖြစ်သည်ဟု ဆိုလိုက်သည်။ အဆိုပါစကားရပ်သည် သွေးအေးအေးနှင့်ယုတ္တိကင်းမဲ့လွန်းလှသည့် စကားပင် ဖြစ်သည်။