Connect with us

Social, Education & Health

 နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ 

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) 

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၊ ရောဂါဖြေရှင်းရေး ဗဟိုဦးဆောင်အဖွဲ့ခေါင်းဆောင် လီခဲ့ချန်က အစည်းအဝေး သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင်၊ ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့ ဒုတိယခေါင်းဆောင် ဝမ်လူနင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဒေသအသီးသီးရှိသက်ဆိုင်ရာ ဌာနများသည် သမ္မတရှီကျင့်ဖိန်၏ ရောဂါကာကွယ်ထိန်းချုပ်မှု တိုးမြှင့်လုပ်ဆောင်ရေး အရေးကြီး ညွှန်ကြားချက်များနှင့် ဗဟို နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ၏အစည်းအဝေးစိတ်ဓါတ်ကို အကောင်အထည်ဖော်ဆောင်ရွက်၍ ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့၏စီမံချက်များအတိုင်း ဟူပေပြည်နယ်အထူးသဖြင့် ဝူဟန့်မြို့စသည့်နေရာများကို အဓိက ရောဂါထိန်းချုပ်ရေး အရေးကြီးတာဝန်အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း  အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

ကိုရိုနာ ရောဂါကို စောစောသိ၊ စောစောအကြောင်းကြား၊ စောစော သီးခြားခွဲထား ကုသခြင်း၊ ရောဂါဝေဒနာရှင်များကိုတစ်စုတစ်ဝေးတည်းထား ပညာရှင်များ၏ ထောက်ပံ့ကူညီကုသပေးခြင်း အားဖြင့် ရောဂါပျောက်ကင်းမှုနှုန်းကို တိုးမြှင့်အောင် ၊ကူးစက်မှုနှင့်သေဆုံးမှုကို ကျဆင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

ဒေသများက မိမိတို့၏ တာဝန်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အခွန်ဘဏ္ဍာရေး၊ အစိုးရကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်းစသည့် မူဝါဒများဖြင့် ကုန်ကြမ်းနှင့်အလုပ်သမား အခက်အခဲကို ညှိနှိုင်းဖြေရှင်းကာ  ဆေးကုသသုံး အကာအကွယ်အင်္ကျီ၊ နှာခေါင်းစည်းထုတ်လုပ်မှုလုပ်ငန်းများ ထပ်တိုးထုတ်လုပ်ရန် တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် ရှေ့တန်းတွင် ကြိုးပမ်းနေသည့် ဆေးကုသရေးဝန်ထမ်းများ၊ ဝူဟန့်နှင့် ဟူပေပြည်နယ်အခြားဒေသများ၏ လိုအပ်ချက်ကို တစ်ဆင့်တိုး အာမခံပေးရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။ 

လက်ရှိ တရုတ်နိုင်ငံတစ်နိုင်ငံလုံးမှ ဟူပေပြည်နယ်ရှိ ဝူဟန့်နှင့်အခြားဒေသများသို့ ကူညီထောက်ပံ့ဆေးကုသရန်စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်း ၂ သောင်းနီးပါးရှိကြောင်း ၊ ဝူဟန့်မြို့သည်လည်း ကုသရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ရမည်ဖြစ်သလို အခြားပြည်နယ်များမှလည်း ဆေးကုသရေးအဖွဲ့များကို စေလွှတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ဆေးရုံနှင့် သီးခြားခွဲထားသည့်ဆေးရုံနေရာများရှိ ကုသရေးဝန်ထမ်းများကို သင့်လျော်စွာ စီမံဖြန့်ကျက်ထားရမည် ဖြစ်ကြောင်း သိရသည်။ 

တစ်နိုင်ငံလုံးရှိ ပြည်နယ် ၁၉ ခုသည် မိမိဒေသ၏ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုများကို လုပ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဟူပေပြည်နယ် အခြားဒေသများကိုလည်း ပံပိုးကူညီပေးမည်ဖြစ်ကြောင်း ၊ ရှေ့တန်းတွင် ရောဂါတိုက်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းနေသည့် ဆေးကုသရေးဝန်ထမ်းများအတွက်  မူဝါဒပိုင်းအပါအဝင် ဘက်စုံ အပြည့်အဝ ပံ့ပိုးအားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဆေးဝါးသုတေသလုပ်ငန်းကို ဘက်ပေါင်းစုံအင်အားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ သိပံ္ပသုတေသနနှင့် လက်တွေ့ကုသမှု၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလက်တွေ့ဆောင်ရွက်မှုများကို ပေါင်းစပ်ကာ ကုသဆေးဝါးနှင့်ကာကွယ်ဆေးကို ဖော်ထုတ်ခြင်း ၊ ရောဂါစစ်ဆေးမှုနည်းပညာနှင့်ပစ္စည်းကိရိယာ ၊ ဗိုင်းရပ်စ်မူလဇစ်မြစ်နှင့်ပြန့်ပွားပုံစသည်တို့ကို သိပံ္ပနည်းကျအလေးထား အသေးစိတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။  

ယခင်က ရှိထားပြီးသောဆေးဝါးများကို အသစ်ဖန်တီးအသုံးပြုခြင်း၊ ဆေးဝါးသစ်ဖော်ထုတ်ခြင်း၊ ကုသမှုနည်းပညာ ဆန်းသစ်တီထွင်ခြင်း၊ ရောဂါကုသပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသော လူနာ ၃,၀၀၀ကျော် ၏ ကုထုံးနည်းလမ်းများကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ကောင်စီ၏ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးတွင် ဌာနဆိုင်ရာများ ၂၄ နာရီ အသင့်ရှိကာ ရောဂါထိန်းချုပ်ရေးရှေ့တန်းလိုအပ်ချက်များအရ အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၊ သမ္မတရှီကျင့်ဖိန် ဦးဆောင်သည့် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရောဂါကာကွယ်တိုက်ဖျက်မှုကို အောင်မြင်အောင် ခိုင်မာစွာ ဘက်စုံထောင့်စေ့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဖြေရှင်းရေး ဗဟို ဦးဆောင်အဖွဲ့အဖွဲ့ဝင်၊ ပါတီခေါင်းဆောင်များဖြစ်ကြသော တင်းရွှဲရှန်(Ding Xuexiang)၊ ဟွမ်ခွင်းမင်(Huang Kunming)  ၊ ချိုက်ချီ(Cai Qi)၊ ဝမ်ရိ(Wang Yi)၊ ရှောင်းကျယ်(Xiao Jie)၊ ကျောက်ခဲ့ကျစ်(Zhao Kezhi)တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်းသိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.