ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) ပေကျင်းမြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၌ ပြုလုပ်သည့် CEO ညီလာခံတစ်ခု ၌ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံကျော် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်...
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် နိုင်ငံများအားလုံး လက်တွဲအားထုတ်ကြိုးပမ်းကြရန် ဧပြီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းတွင် ဧပြီလ ၂၇ ရက်တွင် ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ထိပ်သီးခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲ၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့မှုရှိသော မြို့များပူးပေါင်းမှုနှင့် နိုင်ငံတကာပူးပေါင်းမှု မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု နှင့် ပတ်သက်သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဟောပြောချက်မိန့်ခွန်းများ စုစည်းထားမှုကို အင်္ဂလိပ်၊ ပြင်သစ်ဘာသာများဖြင့် ဧပြီ ၂၄ရက်က ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative – BRI) က အာရှတိုက်နှင့် ဥရောပ၊ အာဖရိကတို့အပြင် ထို့ထက် ဝေးလံသောဒေသများသို့တိုင် ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံကွန်ယက်တစ်ခုတည်ဆောက်ကာ ဆက်သွယ်သွားရန်ရည်မှန်းထားသည်ကိုလေ့လာတွေ့ရှိကြရပေမည်။
ချုံချင့်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ပို့ဆောင်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုနှင့် စီမံကိန်းတစ်ခုပူးပေါင်းဆောင်ရွက်ရန်အတွက် Akos Kovacs တစ်ယောက် စိတ်လှုပ်ရှားလျက်ရှိနေပါသည်။
ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သတ်ဝါဒများ ကြီးထွားလာမှုကြောင့် အခက်အခဲ အတားအဆီးများ ဖြစ်ပေါ်နေသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) သည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေရှိသော အားကောင်းသည့် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။
ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပမည်ဖြစ်ရာ တရုတ်နိုင်ငံက ဖိတ်ကြားထားသော နိုင်ငံ ပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၀ ကျော်နှင့်အတူ...
ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် မီဒီယာစင်တာထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။