Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုအောက်တွင် ရေရှည်တည်တံ့မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုကို သမ္မတ ရှီကျင့်ဖိန် မီးမောင်းထိုးပြ

ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု မူဘောင်အောက်တွင် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်တည်တံ့မှုရှိသော မြို့များပူးပေါင်းမှုနှင့် နိုင်ငံတကာပူးပေါင်းမှု မြှင့်တင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

သမ္မတ ရှီသည် အထက်ပါ မိန့်ခွန်းအား ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)