Connect with us

Politics, Law & Military

ခေတ်သစ်ပိုးလမ်းမကြီးမှ ကမ္ဘာ့အကျိုးစီးပွားသို့ လျှောက်လှမ်းမည်


ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပမည်ဖြစ်ရာ တရုတ်နိုင်ငံက ဖိတ်ကြားထားသော နိုင်ငံ ပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၀ ကျော်နှင့်အတူ ပိုးလမ်းမ အရည်အသွေးမြင့် လက်တွဲဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ အတူဆွေးနွေးသွားမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအား အားသစ်မာန်သစ်သွေးသစ်လောင်းပေးမည့် တရုတ်နိုင်ငံ၏ ယုံကြည်မှုဖြင့် ကမ္ဘာ့သို့ ပွင့်လင်းစွာ တံခါးဖွင့်ထားခြင်း၊ နိုင်ငံအသီးသီးနှင့် အကျိုးတူဖြစ်ထွန်းရန် ပူးပေါင်းဆောင်ရွက်ခြင်းများကို ခေတ်ကာလအချိန်အခါက နောက်ထပ်တစ်ဖန် မျက်မြင်သက်သေထူနိုင်ခဲ့သည်။

တံခါးဖွင့်စနစ်သည့် ယနေ့ခေတ်တရုတ်နိုင်ငံ၏ ထင်ရှားသည့် ပြယုဂ်ဖြစ်သည်။ အစ ခြေလှမ်းသစ် တွင် ပိုမိုအရည်အသွေးမြင့်သည့် ပြည်ပတံခါးဖွင့်စနစ်ကို မည်သို့ဆောင်ရွက်သွားမည် ၊ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် အကျိုးတူဖြစ်ထွန်းအောင် မည်သို့မည်ပုံ ပိုမိုကောင်းမွန်စွာ အတူလက်တွဲရှေ့ဆက် ဆောင်ရွက်သွားမည်ဟု ဆိုရာတွင် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုကို မူဝါဒ ၊ အခြေခံ အဆောက်အဦ ၊ ကုန်သွယ်ရေး ၊ ဘဏ္ဍာရေး နှင့် ပြည်သူများအကြား စိတ်နှလုံးချင်း ချိတ်ဆက်ခြင်း ဖြင့် အဓိကဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းမှာ တရုတ်နိုင်ငံနှင့် ပိုးလမ်းမတစ်လျှောက်နိုင်ငံများ အတွက် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

ပိုးလမ်းမ ဖော်ဆောင်မှုသည် တရုတ်နိုင်ငံကို ပြည်ပတံခါးဖွင့် ပုံစံသစ် ဖော်ဆောင်ပေးမည်ဖြစ်သည်။ တရုတ်-ဥရောပ ရထားလမ်း၊ ကုန်းကြောင်းလမ်း ပင်လယ်ရေကြောင်းလမ်းသစ်စသည့် နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းကြီးများ တည်ဆောက်ခြင်းက ယခင် တံခါးဖွင့်စနစ်ကျင့်သုံးရာတွင် အစွန်အဖျား၌ရှိသော တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို ရှေ့ဆောင်ဖြစ်စေမည် ဖြစ်သည်။

ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကျင်းပမည့် ပေကျင်းမြို့ကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အား ၊ အင်ဂျင်နီယာသုံးကိရိယာများ စသည့် နိုင်ငံတကာထုတ်လုပ်မှုစွမ်းအား ပူးပေါင်းဆောင်ရွက်မှုများက တရုတ်နိုင်ငံကို ပြည်ပ ဈေးကွက်၊ ငွေကြေး၊ နည်းပညာချိတ်ဆက်မှုများကို ပိုမို နက်ရှိုင်းစေမည်ဖြစ်သည်။ ပိုးလမ်းမ အတူလက်တွဲ ဖော်ဆောင်မှုများ ကျယ်ပြန့်နက်နဲလာသည်နှင့်အမျှ ကုန်းကြောင်းလမ်းနှင့်ရေကြောင်းလမ်း၊ ပြည်တွင်းနှင့်ပြည်ပ ချိတ်ဆက်မှုများ ၊ အပြန်အလှန်အမှီသဟဲပြုနိုင်မှုပုံစံသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ပိုးလမ်းမဖော်ဆောင်မှုက ဒေသ သာမက ကမ္ဘာ့နိုင်ငံအသီးသီး၏ တံခါးဖွင့်ပွင့်လင်းမှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ပိုးလမ်းမ မူဘောင်အောက်တွင် စြင်္ကန်ကြီး ၆ သွယ် ၊လမ်းကြောင်းကြီး ၆ သွယ်ဖြင့်လည်းကောင်း၊ ပိုးလမ်းမ အတူလက်တွဲဖော်ဆောင်သည့် နိုင်ငံများတွင် ဆိပ်ကမ်းများ ပူးပေါင်းတည်ဆောက်ခြင်းဖြင့် Hard Unicom နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို မူဝါဒ၊စည်းမျဉ်းစည်းကမ်းစံချိန်စံညွှန်းဆိုင်ရာ ချိတ်ဆက်မှုများအပါအဝင်ဖြစ်သည့် Soft Unicom ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အဆက်မပြတ်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုများသည် ဒေသစီးပွားရေးကို တစ်သားတည်းဖြစ်ရန် အင်အားဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးရေစီးကြောင်းကို ပိုမို ရှင်သန်စေရန် အရင်းအမြစ်ဖြစ်စေမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနရလဒ်သစ်များအရ ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု ကမ္ဘာ့ကုန်သွယ်ရေး ကုန်ကျစရိတ်ကို ၁.၁ ရာခိုင်နှုန်းမှ ၂.၂ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းကို ဝ.၁ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ပိုးလမ်းမဖော်ဆောင်မှုသည် တံခါးဖွင့်ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်ကို နိုင်ငံအသီးသီးမှ ပြည်သူအများအတွက် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခြင်းဖြင့် နိုင်ငံအချို့၌ ပထမဆုံး အမြန်လမ်းမကြီး ၊ ပထမဆုံး ခေတ်မီရထားလမ်းများ တည်ဆောက်ခဲ့ပြီဖြစ်ပြီး အချို့နိုင်ငံများ၌ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများ ပထမဆုံးဖွံ့ဖြိုးလာသလို အချို့နိုင်ငံများ၌လည်း နှစ်ပေါင်းများစွာ အခက်ကြုံတွေ့နေရ သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများ အတူလက်တွဲ၍ ပြည်ပပူးပေါင်းဆောင်ရွက်မှု ဥယျာဉ်ဇုန် ၈၂ ခု တည်ဆောက်ထားရာ ၎င်းဒေသများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ သိန်းနီးပါး ဖန်တီးနိုင်ခဲ့သည်။

အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ခြင်းက အတူဖွံဖြိုးတိုးတက်နိုင်မည်ဖြစ်သလို အပြန်အလှန်ပိတ်ဆို့ခြင်းများက ဘက်ပေါင်းစုံကို ဆုတ်ယုတ်စေနိုင်မည်မှာ နိုင်ငံတကာကုန်သွယ်ရေးဖွံ့ဖြိုးမှု၏နိယာမပင်ဖြစ်သည်။ နိုင်ငံအချို့၏ ခေတ်ရေစီးကြောင်းပြောင်းပြန် ဆန့်ကျင်ဆောင်ရွက်မှုနှင့် နံရံတံတိုင်းကာ ခွဲထွက်မှုများကို ရင်ဆိုင်ကြုံတွေ့ရာတွင်လည်းကောင်း ၊ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများကို ရင်ဆိုင်ကြုံတွေ့ရာတွင် ပိုးလမ်းမဖော်ဆောင်မှုသည် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နှိုးဆော်အားပေးဆောင်ရွက်လျက်ရှိသည်။ ၎င်းမှာ နိုင်ငံအသီးသီး၏ စီးပွားရေးဆက်သွယ်ချိတ်ဆက်မှုများကို တွန်းအားဖြစ်စေပြီး ကမ္ဘာ့လုံးဆိုင်ရာစီးပွားရေးအတွက် လမ်းတံတားဆောက်လုပ်မှုများနှင့် မသေချာမရေရာသည့် ကမ္ဘာ့စီးပွားရေးကို သေချာရေရာသည့်အကျိုးဖော်ဆောင်မှုများ ပေးလျက်ရှိသည်။

တံခါးဖွင့်စနစ်ရေစီးကြောင်းကို လမ်းဆောင်ခြင်းသည် ယုံကြည်ချက်ဖြစ်သလို တာဝန်သိ၊ တာဝန် ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။ ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်မှ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲအထိသော်လည်းကောင်း ၊ လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် တည်ဆောက်ခြင်းမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေ ဖော်ဆောင်သော်လည်း တရုတ်နိုင်ငံသည် တံခါးဖွင့်စနစ်ကို တစ်ဆင့်တိုးပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည့် ခိုင်မာသည့် ဆုံးဖြတ်ချက်ကို အဆက်မပြတ် လက်တွေ့သက်သေပြနေခြင်းဖြစ်သည်။ ပိုးလမ်းမ အတူလက်တွဲဖော်ဆောင်မှုသည် လှပသည့်အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယခုကျင်းပသော ပိုးလမ်းမဖိုရမ်သည် တံခါးဖွင့် ပွင့်လင်းမှုရှိသော ကမ္ဘာ့စီးပွားရေးကို အတူဖော်ဆောင်သွားမည်ကို ပြသခြင်းဖြစ်ရာ အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ဘုံအကျိုးစီးပွားနှင့် လှပသည့်အနာဂတ်ကို အတူဖော်ဆောင်ရေးဆွဲနိုင်မည်ဟု ယုံကြည်ရပေသည်။(Xinhua)