လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အသက် ၉၉ နှစ်ရှိပြီဖြစ်သော စစ်ပြန်ကြီးတစ်ဦးသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန (NHS) အတွက် ၎င်း၏ ဥယျာဉ်ခြံဝင်းကိုအပတ် ၁၀၀ ပြည့်အောင်ပတ်ပြီး ရန်ပုံငွေ ပေါင်၂၁ သန်း ကျော် ( အမေရိကန်ဒေါ်လာ ၂၆ သန်းခန့်) ရှာပေးနိုင်ခဲ့ကြောင်း သိရသည်။
ဘရာဇီးလီးယား၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးသည် COVID-19 ရောဂါမှ ပြန်လည်သက်သာလာပြီးနောက် ဘရာဇီးလီးယားမြို့ရှိ စစ်ဆေးရုံမှ ဧပြီ ၁၄ ရက်က ဆင်းခွင့်ရခဲ့ပါသည်။