Connect with us

WORLD

အသက် ၉၉ နှစ်အရွယ် စစ်ပြန်ကြီးက ဗြိတိန် ကျန်းမာရေးဝန်ထမ်းများအတွက် ပေါင်၂၁ သန်းကျော် ရန်ပုံငွေရှာဖွေပေး 

ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိူင်းယားနယ်မြေရှိ ဥယျာဉ်ခြံဝင်းအတွင်းအပတ် ၁၀၀ ပြည့်အောင် လမ်းလျှောက်ခဲ့ပြီးသော အငြိမ်းစားဝန်ထမ်းနှင့် ဒုတိယကမ္ဘာစစ်ပြန်ကြီး တွမ်မိုးရ်အား တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- Frances Haycock/MOD/Handout via Xinhua)

လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အသက် ၉၉ နှစ်ရှိပြီဖြစ်သော စစ်ပြန်ကြီးတစ်ဦးသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန (NHS) အတွက် ၎င်း၏ ဥယျာဉ်ခြံဝင်းကိုအပတ် ၁၀၀ ပြည့်အောင်ပတ်ပြီး ရန်ပုံငွေ ပေါင်၂၁ သန်း ကျော် ( အမေရိကန်ဒေါ်လာ ၂၆ သန်းခန့်) ရှာပေးနိုင်ခဲ့ကြောင်း သိရသည်။

အငြိမ်းစားအစိုးရ အမှုထမ်းနှင့် ဒုတိယကမ္ဘာစစ်ပြန်ကြီးတစ်ဦးဖြစ်သော တွမ်မိုးရ် (Tom Moore) သည် လမ်းလျှောက်ခုံအကူအညီနှင့် အင်္ဂလန်နိုင်ငံ ဘတ်ဖို့ဒ်ရှိူင်းယားနယ်မြေရှိ ၎င်း၏ ဥယျာဉ်ခြံဝင်းကို  ဧပြီ ၃၀ ရက် ၎င်း၏မွေးနေ့မတိုင်ခင် အပတ် ၁၀၀ ပြည့်အောင်ပတ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိူင်းယားနယ်မြေရှိ ဥယျာဉ်ခြံဝင်းအတွင်းအပတ် ၁၀၀ ပြည့်အောင် လမ်းလျှောက်ခဲ့ပြီးသော အငြိမ်းစားဝန်ထမ်းနှင့် ဒုတိယကမ္ဘာစစ်ပြန်ကြီး တွမ်မိုးရ်အား တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- Frances Haycock/MOD/Handout via Xinhua)

ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိူင်းယားနယ်မြေရှိ ဥယျာဉ်ခြံဝင်းအတွင်းအပတ် ၁၀၀ ပြည့်အောင် လမ်းလျှောက်ခဲ့ပြီးသော အငြိမ်းစားဝန်ထမ်းနှင့် ဒုတိယကမ္ဘာစစ်ပြန်ကြီး တွမ်မိုးရ်အား တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- Frances Haycock/MOD/Handout via Xinhua)

၎င်းသည် အဆိုပါစိန်ခေါ်မှုကို  ဧပြီ ၁၆ ရက် နံနက်၌ အပြီးသတ်နိုင်ခဲ့သည်။  ဧပြီ ၁၈ နံနက် အစောပိုင်းတွင်မူ လူတစ်သန်းကျော်က ၎င်း၏ ရန်ပုံငွေရှာဖွေရေး စာမျက်နှာသို့ ငွေလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တွမ်မိုးရ်သည် မူလက ၎င်း၏ကင်ဆာဝေဒနာနှင့် တင်ပဆုံရိုးကျိုးခြင်းကို ကုသပေးခဲ့ကြသည့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာနဝန်ထမ်းများကို ကျေးဇူးတင်သည့်အတွက် NHS Charities Together အဖွဲ့ကို အလှူငွေ ပေါင် ၁,၀၀၀ ( အမေရိကန်ဒေါ်လာ ၁,၂၄၇) ရှာဖွေပေးချင်ခဲ့ခြင်းဖြစ်သည်ဟု  ဒေသတွင်းမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။

“လူတွေကကြင်နာလွန်းစွာဖြင့်  ဒီမယုံကြည်နိုင်လောက်တဲ့ငွေပမာဏ NHS ကို ထည့်ဝင်ကြမယ်လို့ ကျွန်တော်တို့ဘယ်တုန်းကမှ စိတ်ကူးနိုင်ခဲ့မှာမဟုတ်ပါဘူး” ဟု ၎င်းက ဘီဘီစီကို ပြောခဲ့ပါသည်။

အဆိုပါ စစ်ပြန်ကြီးသည် NHS ဝန်ထမ်းများ၊ ကျော်ကြားသည့် အားကစားသမားများနှင့် နိုင်ငံရေးသမားများထံမှ ပေးပို့သည့် ကျေးဇူးတင်ကြောင်း သတင်းစကား အများအပြား လက်ခံရရှိခဲ့သည်။

ဧပြီ ၁၅ ရက်ညနေပိုင်းက ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ (Matt Hancock) က မိုးရ်က “အားလုံးအတွက် လှုံဆော်အားပေးမှုတစ်ခုဖြစ်ခဲ့တယ် “ ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သိပ္ပံနှင့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာဌာန (CSSE) အဆိုအရ   ဧပြီ ၁၈ ရက်အထိ   ဗြိတိန်နိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၁၀၉,၇၆၉ ဦး ရှိကြောင်း သိရသည်။  (Xinhua)