Connect with us

WORLD

အသက် ၉၉ နှစ်အရွယ် ဘရာဇီး စစ်ပြန်ကြီး COVID-19 ရောဂါမှ ပြန်လည်သက်သာလာ

ဘရာဇီးလီးယား၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အသက် ၉၉ နှစ်အရွယ်ရှိပြီဖြစ်သော ဘရာဇီးနိုင်ငံသား ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးသည် COVID-19 ရောဂါမှ  ပြန်လည်သက်သာလာပြီးနောက် ဘရာဇီးလီးယားမြို့ရှိ စစ်ဆေးရုံမှ ဧပြီ ၁၄ ရက်က ဆင်းခွင့်ရခဲ့ပါသည်။

ဘရာဇီးနိုင်ငံ ပြည်ပ စေလွှတ် စစ်မှုထမ်းများ တပ်ဖွဲ့ဝင် အာနန်ဒို ပီဗီတာ (Ernando Piveta) သည် ဧပြီ ၆ ရက် ကဆေးရုံတက်ရောက်ခဲ့ပြီး ဗိုင်းရပ်စ်စစ်ဆေးမှုတွင် ရောဂါပိုးရှိကြောင်း အဖြေရရှိခဲ့ပြီးနောက် ဆေးရုံရှိ COVID ကုသဆောင်တွင် ကုသမှုခံယူခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

 COVID-19 ရောဂါမှ ပြန်လည်သက်သာလာသည့် အသက် ၉၉ နှစ်အရွယ် ဘရာဇီးနိုင်ငံသား စစ်ပြန်ကြီး အာနန်ဒို ပီဗီတာ (လယ်) အား ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းသည် စစ်အတွင်းက အီတလီနိုင်ငံတွင် ဘရာဇီးတပ်ဖွဲ့ဝင်များမှ အောင်မြင်မှုတစ်ခုဖြစ်သော “မွန်တင်ဆီကိုရယူခြင်း”   ၇၅ နှစ်ပြည့်နေ့၌ ဆေးရုံက ဆင်းခွင့်ရခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနမှ မှတ်ချက်ပြုခဲ့သည်။

၁၉၂၀ပြည့်နှစ် အောက်တိုဘာ ၇ ရက်တွင် မွေးဖွားခဲ့သည့် ပီဗီတာသည် နိုင်ငံအတွက် ၎င်းတာဝန်ထမ်း ဆောင်ခဲ့ခြင်းအတွက် ၂၀၁၉ ခုနှစ်က ဘရာဇီးလ်သမ္မတ Jair Bolsonaro ထံမှ ချီးမြှင့်သည့် အောင်မြင်ခြင်းဆုတံဆိပ် ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117