Asia5 years ago
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်သူများ တရုတ်နိုင်ငံ ကိုရိုနာ ရောဂါတိုက်ဖျက်ရေးအတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်
ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksaဦးဆောင်သော ဝန်ကြီးများ ၊ လွှတ်တော်အမတ်များနှင့် အရပ်သားပြည်သူတစ်ထောင်နီးပါးသည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ကိုလံဘိုမြို့ရှိ Abhayagiri vihāraဘုရားကျောင်းတွင် တရုတ်နိုင်ငံ၏ ကိုရိုနာ ရောဂါတိုက်ဖျက်ရေး အောင်မြင်ပြီးမြောက်စေရန်အတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။