Connect with us

Asia

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်နှင့် ပြည်သူများ  တရုတ်နိုင်ငံ ကိုရိုနာ ရောဂါတိုက်ဖျက်ရေးအတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Abhayagiri vihāraဘုရားကျောင်းတွင် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ ကိုရိုနာရောဂါတိုက်ဖျက်ရေး ဆုတောင်းမေတ္တာပို့သပွဲ မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksaဦးဆောင်သော ဝန်ကြီးများ ၊ လွှတ်တော်အမတ်များနှင့် အရပ်သားပြည်သူတစ်ထောင်နီးပါးသည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ကိုလံဘိုမြို့ရှိ Abhayagiri vihāraဘုရားကျောင်းတွင် တရုတ်နိုင်ငံ၏ ကိုရိုနာ ရောဂါတိုက်ဖျက်ရေး အောင်မြင်ပြီးမြောက်စေရန်အတွက် ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် သီရိလင်္ကာနိုင်ငံ၏ ကောင်းတူဆိုးဘက် မိတ်ဆွေစစ်မိတ်ဆွေမှန်နိုင်ငံဖြစ်ရာ အကြပ်အတည်းဖြစ်ပေါ်နေချိန်တွင် သီရိလင်္ကာနိုင်ငံပြည်သူများသည် တရုတ်နိုင်ငံ ပြည်သူများနှင့်အတူ ရပ်တည်ကာ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mahinda Rajapaksaက ဆုတောင်းမေတ္တာပို့သပွဲသို့ တက်ရောက်လာသော သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ရွှဲယွန်အား ပြောကြားခဲ့သည်။

အဆိုပါ ဆုတောင်းမေတ္တာပို့သပွဲတွင် “ဝူဟန့် အားတင်းထား၊ တစ်ကမ္ဘာလုံးက ရောဂါဝေဒနာရှင်များ ပြန်လည်ကျန်းမာပါစေ၊ ကမ္ဘာကြီးအေးချမ်းသာယာပါစေ” ဟူသော ဆုတောင်း စာတန်းများကို တရုတ်ဘာသာဖြင့် ရေးထိုးချိတ်ဆွဲထားသည် ကို တွေ့ရသည်။ သီရိလင်္ကာ-တရုတ် သတင်းထောက် ဖိုရမ် ဥက္ကဋ္ဌ နာ့လျင်က “တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူတွေကို အားပေးကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ကျွန်တော်တို့ ဆူနာမီဖြစ်၊ ရေကြီးရေလျှံ၊မြေပြို၊ စစ်မက်ဖြစ်ပွားတဲ့အခါ ၊ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အခါ ဒုက္ခကပ်ဘေးကြီးတွေကျရောက်တဲ့အခါ တရုတ်နိုင်ငံက အပြည့်အဝကူညီဆောင်ရွက်ပေးခဲ့သလိုမျိုးပေါ့ ။ ကျွန်တော်တို့ ဘယ်တော့မှမမေ့ပါဘူး။ ”ဟု ဆိုသည်။ဖေဖော်ဝါရီ ၅ ရက်ညပိုင်းတွင် ကိုလံဘိုမြို့ Abhayagiri vihāra ဘုရားကျောင်းအပြင် သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းကန်များစွာတွင်လည်း  ဆုတောင်းမေတ္တာပို့သမှုများပြုလုပ်ခဲ့ပြီး နောက်ရက်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117