ကူမင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုတွင် ဆောင်ရွက်နိုင်သည့်ကဏ္ဍ များစွာ ရှိရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဖက်ကုန်သွယ်ရေးသည် နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကူမင်းမြို့၌ ဩဂုတ် ၁၆ ရက်က ကျင်းပသော...
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း တိုးတက်မှုပိုမိုလျင်မြန်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ယခင်လက သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၈.၄ ဘီလီယံ ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဆိုပါ တိုးတက်မှုနှုန်းမှာ ဇွန်လကထက်...
နန်နင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လယ်သမားများသည် တရုတ်စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များက တီထွင်ထားသော စပ်မျိုးစပါးတစ်မျိုးဖြစ်သော ၂ မီတာအမြင့်ရှိသော “ဧရာမစပါးပင်” အမြောက်အမြားရိတ်သိမ်းလျက်ရှိသည်။ တရုတ်နိုင်ငံတွင် အဆိုပါ စပ်မျိုးစပါး၏ လွတ်လပ်သောဉာဏမူပိုင်ခွင့် အပြည့်အဝရှိသည်။ ထိုစပါးမှာ ပုံမှန်စပါးမျိုးထက် နှစ်ဆမြင့်မားကြောင်း...
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသလက်တွေ့စမ်းသပ်ခန်းအဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းသည် အာကာသကြိုးပမ်းဆောင်ရွက်မှုများ ရှေ့ဆက်လုပ်ဆောင်လျက်ရှိသလို အကျိုးကျေးဇူးရှိသော ရလဒ်များလည်း ရရှိနေကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီအရ သိရသည်။ စုစုပေါင်း ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း သုတေသနနှင့် ကြိုးပမ်းဆောင်ရွက်မှု စီမံကိန်း ၁၁၀ ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊...
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ကမ္ဘာ့စက်ရုပ်ပြပွဲတွင် အမွေးစုတ်ဖွားလေးနှင့် ကြောင်စက်ရုပ်၊ သက်ရှိသဖွယ် လိပ်ပြာစက်ရုပ် ၊ ပန်းသီးခူး စက်ရုပ်များအပါအဝင် စက်ရုပ်အများအပြားကို ပြသခဲ့သည်။ (Xinhua) ……………………………… (English Version) Cool robots at 2023 World...
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonnaနှင့် ဩဂုတ် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်-ပြင်သစ် ဆက်ဆံရေးသည်...
အဲလျန်ဟူးဟော့၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဟမ်းဗတ်မြို့သို့ ဦးတည်မောင်းနှင်သည့် တရုတ်-ဥရောပ ရထားကြီးသည် ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ အဲ့လျန်ဟူးဟော့ ရထားလမ်း နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားခဲ့သည်။ ၎င်းမှာ ယခုနှစ်အတွင်း အဲ့လျန်ဟူးဟော့ရထားလမ်း နယ်စပ်ဂိတ်မှ ဖြတ်သန်းသွားသော တရုတ်-ဥရောပ ရထားအစီးရေ...
နန်နင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဒေသက ထိုင်ဝမ်ကျွန်းအနီး ရေတပ်နှင့် လေတပ်တို့၏ ဝေဟင်နှင့် ရေပြင်ပူးတွဲကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ဩဂုတ် ၁၉ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကင်းလှည့်ခြင်းများနှင့် စစ်ရေးလေ့ကျင့်ခြင်းများသည် စစ်ရေယာဉ်များနှင့် လေယာဉ်များ ညှိနှိုင်းဆောင်ရွက်မှု၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်းပိုင်နက်များ ထိန်းချုပ်ရေးစွမ်းရည်အား...
ပေကျင်း၊ ဩဂုတ် ၁၉ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး တက်ရောက်၍ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ်လည်း သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဩဂုတ်...
ရန်ကုန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်-ထိုင်း-မြန်မာ-လာအို လေးနိုင်ငံက လောင်းကစားနှင့်လိမ်လည်သူအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေး အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဩဂုတ် ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့သည် သြဂုတ်လ...