ရှန်ဟိုင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကုသရေးအတွက် ကုတင် ၆၀၀ ကျော်ဖြင့် ယာယီဆေးရုံ ၁၀၀ ကျော် တည်ဆောက်လျက်ရှိကြောင်း ရှန်ဟိုင်းမြူနီစီပယ် အစိုးရက ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ချုံချင့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယန်ဇီ မှ အင်ဒိုချိုင်းနားကျွန်းဆွယ် သို့ ပထမဆုံးအကြိမ် ပြေးဆွဲမည့် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ အပြည်ပြည်ဆိုင်ရာ ကုန်းကြောင်း-ရေကြောင်း ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီး သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့် မြူနီစီပယ်ဒေသရှိ ကော်ယွမ်ဆိပ်ကမ်းမှ ဧပြီ ၇ ရက်တွင် စတင်ထွက်ခွါခဲ့ပြီး...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ (Nancy Pelosi) က ထိုင်ဝမ်သို့ လာရောက်မည့် ခရီးစဉ်အား ဆက်လက်လုပ်ဆောင်ပါက တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ နှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကိုကာကွယ်ရန်အတွက် ခိုင်မာပြတ်သားစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး အမေရိကန်ဘက်မှ နောက်ဆက်တွဲ...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက “COVID-19 က ခွဲခြားပြီးကူးစက်ခံရမှုမရှိဘူးဆိုပေမဲ့ အမေရိကန်အသိုင်းအဝိုင်းမှာတော့ခွဲခြားကူးစက်ခံနေရတာဖြစ်ပါတယ်” ဟု ဧပြီ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းလျက် ဆင်းရဲသူများ အခွင့်အရေးဆိုင်ရာ အမေရိကန် အဖွဲ့အစည်းတစ်ခုက “ဆင်းရဲသောပြည်သူများ၏...
ကူမင်း၊ဧပြီ ၈ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့ရေးအားနည်းသည့်အခြေအနေအောက်တွင် လန်ချန်း-မဲခေါင်၆နိုင်ငံအကြား ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်လုပ်ဆောင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက်ခဲ့ရာ တရုတ်နှင့်မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ၅နိုင်ငံကြားကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၄၀၀ ဘီလီယံနီးပါးအထိ မြင့်တက်လာစေရန်တွွန်းအားပေးလုပ်ဆောင်ခဲ့သဖြင့် ကာလတူထက် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဧပြီ၇ရက်တွင်ကျင်းပသော၂၀၂၂ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့်နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှသိရသည်။ ယခုအကြိမ်”လန်ချန်း-မဲခေါင်သီတင်းပတ်”သည်အွန်လိုင်းနှင့်အော့ဖ်လိုင်း...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အဆင့်မြှင့်တင်ရေး လုပ်ထုံးလုပ်နည်းသည် ဧပြီလ ၈ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နှစ်နိုင်ငံတို့သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ရန်...
ရှန်ဟိုင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ပြည်နယ်အဆင့် ဒေသ ၁၅ ခုမှ ကျန်းမာရေးဝန်ထမ်း ၃၈,၀၀၀ ကျော်အား တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရှန်ဟိုင်းသို့ ကိုဗစ်-၁၉ ရောဂါ (COVID-19) တစ်ကျော့ပြန်ဖြစ်ပွားမှုတိုက်ဖျက်ရေးကူညီရန် စေလွှတ်ခဲ့ကြောင်း သိရသည်။ ယင်းအနက် ကျန်းမာရေးဝန်ထမ်း ၂၇,၀၀၀ ခန့်သည်...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ထိုင်ဝမ်တို့သည် အချင်းချင်းချိတ်ဆက်နေကြပြီး အချို့သူများက ကွဲပြားသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ယူကရိန်းအရေးကို နှိုင်းယှဉ်ပြောဆိုကာ မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ လူများအား ရှုပ်ထွေးစေရန် ကြံစည်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ချက်မှာ မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက...
ချုံချင့်၊ ဧပြီ ၈ ရက်(ဆင်ဟွာ) ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ယန်ဇီ-အင်ဒိုချိုင်းနားကျွန်းဆွယ် အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီးသည် ဧပြီ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်းမှ စတင်ထွက်ခွာသွားပြီဖြစ်ရာ ၎င်းမှာ ယန်ဇီဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်၊ အိန္ဒိယသမုဒ္ဒရာသို့ သွားရာ လမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ခြင်းသည်။ အနောက်ဘက်ဒေသ ကုန်း-ရေ...
မနီလာ၊ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လူဦးရေထူထပ်များပြားသည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ခရိုင်နှစ်ခု ကို ချိတ်ဆက်ထားသော ဒေသတွင် အထင်ကရတံတားတစ်စင်းအား တည်ဆောက်ပေးခဲ့ရာ ယင်းတံတားကို ပြီးခဲ့သည့် အင်္ဂါနေ့ကဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေးက ဖွင့်လှစ်ပေးခဲ့သည် ။ သမ္မတဒူတာတေး က “ကျွန်တော်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊ နောက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုလည်းမိမိတို့နိုင်ငံရဲ့...