Connect with us

Media

တရုတ်နိုင်ငံရှိ အိမ်ထောင်စုများ၏ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု၏ တပ်ဆင်စွမ်းအင် ကီလိုဝပ် သန်း ၁၀၀ ကျော်အထိ ရောက်ရှိလာ

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ အိမ်ထောင်စုများမှ ဖြန့်ဖြူးပေးသော နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု၏ တပ်ဆင်စွမ်းအင်မှာ စက်တင်ဘာလကုန်အထိ ကီလိုဝပ် ၁၀၅ သန်းခန့်အထိ ရောက်ရှိလာခဲ့ကြောင်း၊ နိုင်ငံအတွင်း ကျေးလက်ဒေသများရှိ အိမ်ခြေ ၅ သန်းကျော်ကို လွှမ်းခြုံမှုရှိကြောင်း အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဦးစီးဌာန (NEA) ၏ နိုဝင်ဘာ ၁၄ ရက် အချက်အလက်များအရ သိရသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံရှိ အိမ်ထောင်စုများမှ ထုတ်လုပ်သော နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုသည် လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း၊ ဘေးကင်း၍ စိတ်ချရသော လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ခိုင်မာစေခြင်း၊ အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းမှု မြှင့်တင်ခြင်းနှင့် လယ်သမားများအား ဝင်ငွေတိုးစေခြင်း စသည်တို့၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း NEA က ဖြည့်စွက်ပြောခဲ့သည်။

ပထမသုံးလအတွင်း အသစ်ဖြည့်စွက်တပ်ဆင်ထားသော အိမ်ထောင်စုများ၏ နေရောင်ခြည်စွမ်းအင် တပ်ဆင်စွမ်းအင်ပမာဏမှာ ကီလိုဝပ် ၃၂.၉၈ သန်းရှိပြီး ယင်းပမာဏမှာ ဖြန့်ဖြူးထားသော နေရောင်ခြည်စွမ်းအင် အသစ်တပ်ဆင်စွမ်းအင်၏ ထက်ဝက်ခန့်ရှိကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)

…………………………………….

(English Version)

China’s installed capacity of household photovoltaic power tops 100 mln kW

BEIJING, Nov. 14 (Xinhua) — China’s installed capacity of distributed photovoltaic power generated by households has reached about 105 million kilowatts by the end of September, covering more than five million households in the country’s rural areas, data from the National Energy Administration (NEA) showed Tuesday.

In recent years, China’s distributed photovoltaic power generated by households has developed rapidly, the NEA said, adding that this has played a vital role in ensuring the safe and reliable supply of electricity, promoting the green transformation of energy as well as driving the growth of farmers’ incomes.

In the first three quarters, the newly added installed capacity of household photovoltaic power stood at 32.98 million kilowatts, accounting for about half of the newly installed capacity of distributed photovoltaic power, according to the data.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.