Connect with us

Media

တရုတ်နိုင်ငံ ရှီးဇန့်ဒေသနှင့် နီပေါနိုင်ငံကို ချိတ်ဆက်ထားသော ကုန်းတွင်းဆိပ်အသစ် ဖွင့်လှစ်

လားဆ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် နီပေါနိုင်ငံကြား ချိတ်ဆက်ထားသော ကုန်းတွင်းဆိပ်အသစ်ကို နိုဝင်ဘာ ၁၃ ရက်၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
Lektse ဆိပ်ကမ်းသည် တရုတ်နိုင်ငံ ရှီးဇန်ဒေသတွင် Zham ၊ Gyirong နှင့် Burang စသည့် ဆိပ်ကမ်းများပြီးနောက် စတုတ္ထမြောက် ကုန်းတွင်းဆိပ်ကမ်းဖြစ်လာခဲ့သည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၄၀၀ (အမေရိကန်ဒေါ်လာ ၅၅.၇ သန်းခန့်) ရှိပြီး Xigaze မြို့၊ Zhongba ခရိုင်ရှိ Lektse ဆိပ်ကမ်းသည် ရှီးဇန့်ဒေသတွင် လက်ရှိအချိန်အထိ အမြင့်ဆုံးဆိပ်ကမ်းဖြစ်သလို တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံကြား ဆားနှင့် စားနပ်ရိက္ခာကုန်သွယ်ရေးနေရာတစ်ခုအဖြစ် ကာလရှည်အသုံးပြုခဲ့ကြောင်း သိရသည်။

တောင်အာရှဒေသ၏ ထွက်ပေါက်တစ်ခုဖြစ်သော ရှီးဇန့်ဒေသသည် နယ်ပယ်စုံတံခါးဖွင့်ဝါဒပုံစံ ထူထောင်ရန်နှင့် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံကြား အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြီးမားသော အရေးပါမှုဖြစ်သည်။ (Xinhua)

……………………………..
(English Version)
New land port linking China’s Xizang with Nepal opens
LHASA, Nov. 13 (Xinhua) — A new land port serving as a gateway between southwest China’s Xizang Autonomous Region and Nepal began operation on Monday.
The Lektse port is the fourth land port in China’s Xizang, following the ports of Zham, Gyirong, and Burang.
With a total investment of 400 million yuan (about 55.7 million U.S. dollars), Lektse port in Zhongba County, Xigaze, is the highest port in Xizang to date, and has long served as a salt and grain trading point between China and Nepal.
Its opening is of great significance in helping to establish an all-round opening-up pattern in Xizang, a gateway to South Asia, and promote high-quality Belt and Road cooperation between China and Nepal, according to Wang Fanghong, mayor of Xigaze.