မနီလာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ COVID-19ကာကွယ်ဆေးထိုးနှံရေး စီမံချက်အား ပံ့ပိုးရန် Sinovac CoronaVac ကာကွယ်ဆေးနောက်တစ်သုတ်အား တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ စက်တင်ဘာ ၁၃ ရက်တွင်ပေးပို့ခဲ့သည်။ “ကာကွယ်ဆေးတွေကို အမြဲတမ်းပို့ဆောင်ပေးတဲ့အတွက် တရုတ်နိုင်ငံနဲ့ Sinovac ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်’’ ဟု နိုင်ငံ၏...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Jingbian ကောင်တီရှိ မောင်းသူမဲ့လေယာဉ်များ (ဒရုန်း)အတွက် ပထမဆုံး ပညာရပ်ဆိုင်ရာစမ်းသပ်မှု အခြေစိုက်စခန်းသည်လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ကာ နိုင်ငံ၏ UAV လုပ်ငန်းကွင်းဆက်၌ လစ်ဟာမှုကို ဖြည့်တင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တယ်လီဖုန်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်အလေးထားဂရုပြုကြသည့် သက်ဆိုင်ရာအရေးကိစ္စများကို ပွင့်လင်း၊နက်ရှိုင်းစွာဖြင့် မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၁၀ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး BRICS လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက် ၅ ရပ်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာသေးမီက COVID-19 ရောဂါ ပထမဆုံးတစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ကျန်းဆူးပြည်နယ်တွင် စက်တင်ဘာ ၉ ရက်၌ အန္တရာယ်မြင့်မားနှင့် အလယ်အလတ်အဆင့်ရှိသော ဒေသများအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်ပြည်သူများ၏ လိုအပ်ချက်များအရ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၉၆ သန်း) တန်ဖိုးရှိသော ပြောင်းဆံများ၊ ဆောင်းတွင်းသုံး အထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများအား အာဖဂန်နစ္စတန်နိုင်ငံထံ အရေးပေါ်ပံ့ပိုးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။