ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံ၏ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှုနှုန်းကို ၆.၆ ရာခိုင်နှုန်းအထိ လျှော့ချသွားမည် ဖြစ်ကြောင်း မေ ၂၂ ရက်နေ့ ဘတ်ဂျက်အစီရင်ခံစာမူကြမ်းအရ သိရသည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်သူ့ကျန်းမာရေးဥပဒေကို ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော ဇီဝလုံခြုံရေးဥပဒေ မူကြမ်းကို ယခုနှစ်အတွင်း ပြန်လည်သုံးသပ်ရန်နှင့် အတည်ပြုရန် မျှော်မှန်းထားကြောင်း ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့က မေ ၂၁...
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြု နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၁ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြောက်ပိုင်းမှ တရုတ်နိုင်ငံ နယ်စပ် ချစ်ကြည်ရေးဥမင်တစ်လျှောက် မြေတူးခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း China Railway No.2 Engineering (CREC-2) က ဆင်ဟွာသတင်းဌာနသို့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ထျန်းကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ အစားအသောက်လုပ်ငန်းကြီးဖြစ်သော Nestle သည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ခိုင်မာစေရန် ယွမ် သန်း ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းခန့်) ရှိသော နောက်ထပ် ထပ်မံ တိုးမြှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ...
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို မြို့တော် ပေကျင်း၌ မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။