ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) WHOမှ အမေရိကန်နုတ်ထွက်ရန် ဆောင်ရွက်ခြင်းသည် ၎င်း၏ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဝါဒကျင့်သုံးခြင်းနှင့် ကတိဖျက်နုတ်ထွက်ခြင်း၏ နောက်ထပ် သက်သေတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထမ်းဆောင်သင့်သည် နိုင်ငံတကာတာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ကာ နိုင်ငံကြီးတစ်နိုင်ငံရှိသင့်သည့် တာဝန်ယူမှုတာဝန်ခံမှုကို ပြသရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရန် အသက်မွေးမှုသင်တန်းကျောင်းများသို့ ယွမ် ၂၇ သန်း (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) တန်ဖိုးရှိသော ပစ္စည်းကိရိယာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရက ဇူလိုင် ၈ ရက်တွင်...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် COVID-19 ဗိုင်းရပ်စ်၏ မူလအစကို ခြေရာခံရေး သိပ္ပံပညာအခြေခံပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အကြံဉာဏ်ဖလှယ်ရန် WHO မှ ကျွမ်းကျင်သူများ ပေကျင်းသို့ စေလွှတ်သွားမည်ကို တရုတ်အစိုးရက သဘောတူခဲ့ကြောင်း...
ရှမန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော HMM GDANSK သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ဆိပ်ကမ်း၌ ဇူလိုင် ၇ ရက်က ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (သို့မဟုတ်) အထက်တန်းစာမေးပွဲကို ဇူလိုင် ၇ ရက်တွင် စတင်ခဲ့ကျင်းပခဲ့သည်။ ယခုနှစ်တွင် ကျောင်းသူကျောင်းသား ၁၀ ဒသမ ၇၁ သန်းက နှစ်ပတ်လည်စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုကြရာ COVID-19 ကပ်ရောဂါ စတင်ကူးစက်ချိန်နောက်ပိုင်း တရုတ်နိုင်ငံတွင် ပြုလုပ်သော...
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
နန်နင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖူဆွေနယ်မြေတွင် ဒိုင်နိုဆောအမျိုးအစား လေးခု၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံသုတေသီများ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် COVID-19 ပူးတွဲတိုက်ဖျက်ရန် ၊ နယ်ပယ်စုံတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်-အာရပ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် မျှော်လင့်ချက်အသစ်များကို လက်ခံရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အလီဘာဘာအုပ်စုက ဂျာမန်ကားထုတ်လုပ်သူ BMW နှင့်အတူ တရုတ်နိုင်ငံ အင်တာနက်နှင့် မော်တော်ကားလုပ်ငန်းများအတွက် ရှန်ဟိုင်းမြို့တွင် တီထွင်ဆန်းသစ်မှုအဆောက်အအုံကို ပူးတွဲထူထောင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို ဇူလိုင် ၃ ရက်က တည်ထောင်လိုက်ကြောင်း သိရသည်။