ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က ယနေ့ ဇွန် ၃၀ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးကိုလေးစားရန် နှင့် တည်ငြိမ်မှု နှင့် သဟဇာတဖြစ်မှုအတွက် ဟောင်ကောင်ပြည်သူများ၏...
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို ယနေ့ ဇွန် ၃၀ ရက်တွင် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက ထိုင်းမီဒီယာများမှတစ်ဆင့် ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ချန်ချွမ်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အနံ့ခံ ခွေးလေး ဟေးဆာသည် ၎င်း၏နည်းပြ ကျန်းဖုန်းနှင့်အတူ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် Baishan မြို့တွင် နေထိုင်သည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။
ဂျီနီဗာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါတုံ့ပြန်ရေးအနေဖြင့် လာမည့် ၁၂ လအတွင်း ကာကွယ်ဆေး နှစ်ဘီလီယံအပါအဝင် ရောဂါကုသနည်းများ၊ ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေခြင်းများအတွက် အမေရိကန်ဒေါ်လာ ၃၁.၃ ဘီလီယံ လိုအပ်ကြောင်း WHO က ဇွန်...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ၏ အမျိုးသား အခြေခံကျန်းမာရေးအာမခံ အစီအစဉ်များတွင် တရုတ်နိုင်ငံသား ၉၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံမှုပေးနိုင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရသည်။
ကုလသမဂ္ဂ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းနှင့် အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးမှုများအတွက် ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သံတမန်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ရန် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။
ထျန်းကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အဓိက ဉာဏ်ရည်တုပြပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဂရက် (World Intelligence Congress) အား ထျန်းကျင်းမြို့တွင် ပြုလုပ်ခဲ့ပြီး စီမံကိန်း ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက ပံ့ပိုးပေးထားသော အွန်လိုင်း အလုပ်အကိုင်စုဆောင်ရေးဝန်ဆောင်မှု ပလက်ဖောင်းက ၎င်းလုပ်ငန်းစတင်ခဲ့သည့် မတ်လကစတင်ကာ ကောလိပ်ဘွဲ့ရများအတွက် အလုပ်အကိုင်နေရာပေါင်း ၁၃ သန်းကျော် ကမ်းလှမ်းနိုင်ခဲ့ကြောင်း သိရသည်။