ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တစ်သျှူးငှက်ပျော တန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဇူလိုင် ၂၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဧပြီလတွင် တစ်သျှူးငှက်ပျော...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆက်စပ်တရားခံပြေး သုံးဦးကို နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးခဲ့သော တရားခံပြေးသုံးဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က...
ဖူကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် ယခုနှစ်၏ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီအထိ ဒေသခံ ၁၅၆,၈၀၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။ ထို့ပြင် ယင်းပြည်နယ်၏...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်ဖြင့် ပါလက်စတိုင်း အဖွဲ့ ၁၄ ဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ်များသည် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ ပေကျင်းမြို့တွင် ပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ...
ကွေ့ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်မှုရှိစေရေးအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီးဖြစ်သော AG600 သည် အသိအမှတ်ပြုရေးစမ်းသပ်ပျံသန်းမှု အဆင့်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံ လေကြောင်းစီမံခန့်ခွဲမှု လေကြောင်းပျံသန်းမှုအသိအမှတ်ပြုစင်တာက Type Inspection Authorization...
ဘရာဇီးလီယာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အလွန်အရေးပါကြောင်း၊ တရုတ်နိုင်ငံနှင့် “အကန့်အသတ်မရှိ နီးကပ်”သော “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသစ်” ကို ထူထောင်ရန် မျှော်လင့်ကြောင်း ဘရာဇီးသမ္မတ လူလာက ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။ ထိုနေ့တွင် လူလာသည် ဘရာဇီးနိုင်ငံရှိ...
ကွေ့ယန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ယခုလဆန်းပိုင်းက ကွေ့ယန်မြို့နှင့် မော်စကိုမြို့ကြား ကုန်တင်လမ်းကြောင်းခရီးစဉ်အသစ် စတင်လိုက်ခြင်းဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာကုန်စည်တင်ပို့မှုလမ်းကြောင်း အရေအတွက် လေးခုအထိ ရောက်ရှိလာပြီဖြစ်သည်။ ထိုသို့တိုးချဲ့လိုက်ခြင်းသည် ကုန်သွယ်မှုအတွက် ပိုမိုထိရောက်၍ အဆင်ပြေသော လေကြောင်းခရီးတစ်ခု ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံတွင်...
ကူမင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ဇူလိုင် ၂၃ ရက်၌ ဖွင့်လှစ်ခဲ့ပြီး ပြပွဲပြသသူ ၂,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ဝင်ရောက်ပြသသူထက်ဝက်နီးပါးသည် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသမှ...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘောဈေးကွက် တစ်ကျော့ပြန်ရှင်သန်လာမှုများကြောင့် တရုတ်နိုင်ငံ၏ အပျော်စီးသင်္ဘောစီးပွားရေးသည် တည်ငြိမ်စွာ ကောင်းမွန်လာခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ရှန်ဟိုင်းမြို့ရှိ အပျော်စီးသင်္ဘောဆိပ်ကမ်းများက နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောခရီးစဉ် ၉၀ ကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး အဝင်အထွက်ခရီးစဉ်...