တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းဒေသစစ်ဌာနချုပ် ကြည်းတပ်က ထိုင်ဝမ်ရေလက်ကြားကို တာဝေးပစ်ကျည်ဆံအစစ်ဖြင့် လက်တွေ့စစ်ရေးလေ့ကျင့်ပစ်ခတ်မှုများအား ဩဂုတ် ၄ ရက် ၁၃ နာရီခန့်တွင် ပြုလုပ်ခဲ့ပါသည်။ ထိုင်ဝမ်ရေလက်ကြား အရှေ့ဘက်ခြမ်း သတ်မှတ်ဧရိယာကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ရလဒ်တွေရရှိခဲ့ပါသည်။ (Xinhua)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်၏ ဒုံးကျည်တပ်ဖွဲ့သည် ထိုင်ဝမ်ကျွန်းအရှေ့ဘက်ရှိ သတ်မှတ်ထားသော ဧရိယာတွင် သမားရိုးကျဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်။ အဆိုပါ ဒုံးကျည်များအားလုံးမှာ ပစ်မှတ်များကို ထိမှန်ခဲ့သည်။ ဒုံးကျည်တပ်ဖွဲ့၏ တိကျသော ပစ်ခတ်မှုများ လုပ်ဆောင်ရေးနှင့် ကာကွယ်ရေးတာဝန်များ ဆောင်ရွက်ရေး စွမ်းဆောင်မှုကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua) ………………………………… (English Version)...
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ် အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၇ ရက်တွင် ဒုံးပျံတစ်ခုတည်းဖြင့် ဂြိုဟ်တု ၆ စင်း ကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့သည်။ ဂြိုဟ်တုများထဲတွင် အာကာသနည်းပညာစမ်းသပ်ရေးဂြိုဟ်တုအသစ်တစ်ခုနှင့် လေထုသိပ်သည်းမှုဆိုင်ရာ စစ်ဆေးစမ်းသပ်ရေးဂြိုဟ်တု တစ်ခုတို့ ပါဝင်သည်။ (Xinhua)
နယူးဒေလီ၊ မေ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယလေတပ်သည် မေ ၁၂ ရက်တွင် Su-30MKI တိုက်လေယာဉ်မှ ပထမဆုံးအကြိမ် အားဖြည့်မြှင့်တင်ထားသည့် BrahMos ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဒုံးကျည်ပစ်လွှတ်မှုကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ဧရိယာရှိ သတ်မှတ်ထားသော...
ဆိုးလ်/တိုကျို ၊ မေ ၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် ၎င်း၏ အရှေ့ပင်လယ်ပြင်သို့ ဦးတည်၍ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံအစိုးရက ယနေ့ မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုမြင့်တက်နေချိန်အတွင်းမှာပင် ဧပြီ ၂၀ ရက်က ဆာမတ်(Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းဒုံးကျည်ကို မော်စကိုစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ် (ဂရင်းနစ်စံတော်ချိန်...
ကိဗ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ပေါ်သို့ ဧပြီ ၁၈ ရက်တွင် ဒုံးကျည်တိုက်ခိုက်မှုများအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lviv ဒေသဆိုင်ရာ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်...
နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံလေတပ်(IAF) က ပါကစ္စတန်နိုင်ငံထဲ မရည်ရွယ်ဘဲ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့မိသည့် မတော်တဆမှု ဖြစ်ရပ်အတွက် ၎င်း၏ ဒုံးကျည်တပ်ဖွဲ့မှ တာဝန်ရှိသူများကို ပြစ်တင် ပြောဆိုလိုက်ကြောင်း သိရသည်။ ယင်းမတော်တဆမှုသည် မတ် ၉ ရက်တွင် မရည်ရွယ်ဘဲ BrahMos ဒုံးကျည်တစ်စင်းအား...
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက Shaheen-III မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီ ၉ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ မတ် ၁၄ ရက်(ဆင်ဟွာ) အီရတ်ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် Erbil ၌ မတ် ၁၃ ရက်တွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ကာဒစ်စတန်ဒေသအစိုးရက ပြောကြားခဲ့သည်။ ယင်းဒုံးကျည်များသည် Erbil ရှိ အသစ်တည်ဆောက်ထားသော အမေရိကန်ကောင်စစ်ဝန်ရုံးအနီး ဧရိယာကို ထိမှန်ခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ...