Connect with us

Media

ပါကစ္စတန်နိုင်ငံက Fatah-II ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံက Fatah-II ဒုံးကျည်ကို ဒီဇင်ဘာ ၂၇ ရက်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး ယင်းဒုံးကျည်က အကွာအဝေး ကီလိုမီတာ ၄၀၀ ပစ်လွှတ်နိုင်ကြောင်း ပြည်သူ့ဆက်ဆံရေး ဝန်ဆောင်မှု (ISPR)က ပြောကြားခဲ့သည်။

အဆိုပါဒုံးကျည်တွင် အီလက်ထရွန်းနစ်နည်းပညာဖြင့် အဆင့်မြင့်ထုတ်လုပ်ထားပြီး ခေတ်မီလမ်းကြောင်းပြစနစ်နှင့် ပျံသန်းရေးလမ်းကြောင်းများ အပြည့်အစုံ တပ်ဆင်ထားရှိကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာအဖွဲ့ဖြစ်သည့် ISPR က ပြောကြားခဲ့သည်။

လက်နက်စနစ်က အကွာအဝေး ကီလိုမီတာ ၄၀၀ အထိ တိကျစွာဖြင့် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ISPR က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………..
(English Version)
Pakistan successfully conducts flight test of Fatah-II missile
Pakistan on Wednesday conducted a successful flight test of the Fatah-II missile, which has a range of 400 kilometers, said the Inter-Services Public Relations (ISPR).
The ISPR, the media wing of the Pakistan Army, said that the missile is equipped with state-of-the-art avionics, a sophisticated navigation system and a unique flight trajectory.
The ISPR added that the weapon system is capable of engaging targets with high precision up to a range of 400 kilometers.
Xinhua News Agency correspondents reporting from Islamabad.(XHTV)