Connect with us

Media

အစ္စရေးနိုင်ငံက ဂျာမနီနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန် Arrow-3 ဒုံးကျည်သဘောတူညီချက် စံချိန်တင် လက်မှတ်ရေးထိုး

ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံက ဂျာမနီနိုင်ငံသို့ Arrow-3 အသံထက်မြန်သောဒုံးကျည်ကာကွယ်ရေးစနစ်ရောင်းချရန် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်တစ်ရပ်အား စံချိန်တင် လက်မှတ်ရေးထိုးခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။

ယင်းသဘောတူညီချက်အား အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius တို့က ဂျာမနီနိုင်ငံ ဘာလင်မြို့၌ စက်တင်ဘာ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ ဝန်ကြီးနှစ်ဦးသည် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရေး ကတိပြုထားသည့် ပူးတွဲကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Israel signs record-breaking 3.5-bln-USD Arrow-3 missile deal with Germany
Israel announced Thursday that it had signed a record-breaking 3.5-billion-U.S. dollar agreement with Germany to sell its Arrow-3 hypersonic missile defense system to the European country.
The Israeli Defense Ministry said in a statement that Israeli Defense Minister Yoav Gallant and German Defense Minister Boris Pistorius signed the agreement in Berlin on Thursday. The two ministers also signed a joint statement, pledging to enhance bilateral security ties.
Xinhua News Agency correspondents reporting from Jerusalem.(XHTV)