ဂျေရုဆလမ်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းထားသော ဓားစာခံအား လွှတ်ပေးရေးဆိုင်ရာ ဟားမက်စ်၏ မူကြမ်းပါအချက်အများစုကို အစ္စ္စရေးနိုင်ငံက သဘောတူလက်ခံသည့်အကြောင်းကို ကာတာနိုင်ငံမှတစ်ဆင့် ဟားမက်စ်အဖွဲ့ထံ အသိပေးခဲ့ကြောင်း ဇွန် ၂ ရက်၌ အစ္စရေးနိုင်ငံပိုင် Kan TV သတင်းထုတ်လွှင့်ချက်အရ သိရသည်။ (Xinhua) …………………………………….....
ဂါဇာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အစ္စရေးတို့က ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး ၊ ဓားစာခံများ လဲလှယ်ရေးအစီအစဉ်တွင် ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးရေးနှင့် စစ်တပ်ဖြင့်ဝိုင်းရံထားသည့် ဂါဇာဒေသသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ရေးတို့အတွက် ကာတာနိုင်ငံက ညှိနှိုင်းပေးခဲ့သည့် အဆိုပြုချက်အား လက်ခံခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် Kan TV က...
အန်ကာရာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan သည် ဟားမက်စ်အဖွဲ့ ပေါ်လစ်ဗျူရိုအကြီးအကဲ Ismail Haniyeh နှင့် အောက်တိုဘာ ၁၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်စဉ် ဓားစာခံများလွှတ်ပေးနိုင်မည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ Fidan နှင့် Haniyeh...
ဂျိုဟန်နက်စ်ဘတ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့အနောက်ပိုင်း Zuurebekom မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၌ ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းက ဘုရားကျောင်းအတွင်း ဖမ်းဆီးခံထားရသည့် ဓားစာခံများအား ကယ်တင်မှု ပြုလုပ်စဉ် အနည်းဆုံး လူပေါင်း ၅ ဦးသေဆုံးပြီး ၄၀ ကျော်ဖမ်းဆီး ခံရကြောင်း...
မနီလာ ၊ မတ် ၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မတ် ၂ ရက်တွင် သေနတ်သမားတစ်ဦးက ဓားစာခံများအား ၁၀ နာရီကြာ ဖမ်းဆီးထားသော ဖြစ်စဉ်တစ်ခုကို ရဲတပ်ဖွဲ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အဆိုပါသေနတ်သမားသည် ဓားစာခံအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သလို ၎င်းကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဒမတ်စကက်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Sweida ပြည်နယ်တွင် ဓားစာခံ ၆ ဦးအား အိုင်အက်စ်က လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က အောက်တိုဘာလ ၂၀ ရက်တွင် သတင်းဖော်ပြလိုက်သည်။
လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားစစ်တပ်က နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် လူ ၁၄၉ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီ ၇ရက် က အတည်ပြုပြောကြားခဲ့သည်။
ပါရီ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း Trebesမြို့ရှိ စူပါမားကက်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးက ဓားစာခံများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း ပစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Gerard Collomb က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) ကြည့်မြင်တိုင် မြို့နယ်၊ ဦးလူနီလမ်း၊ အိမ်အမှတ် ၂၀ တွင် ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ် ဝန်းကျင်တွင် ဓားပြဝင်တိုက်ပြီး ဖခင်နှင့် သမီးကို ဓားစာခံ လုပ်ကာ နေအိမ်အပြင်သို့ ကားမောင်းပို့ခိုင်းပြီး ဓားပြတိုက်သူ...