Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ Sweida ပြည်နယ်တွင် ဓားစာခံ ၆ ဦးကို အိုင်အက်စ် ပြန်လွှတ်ပေး

အိုင်အက်စ်များ လွှတ်ပေးလိုက်သည့် ဓားစာခံ ၆ ဦးအနက် မိသားစုဝင် ငါးဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကက်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ တောင်ပိုင်း Sweida ပြည်နယ်တွင် ဓားစာခံ ၆ ဦးအား အိုင်အက်စ်က လွှတ်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA က အောက်တိုဘာလ ၂၀ ရက်တွင် သတင်းဖော်ပြလိုက်သည်။

လွတ်မြောက်သွားသည့် ဓားစာခံ ၆ ဦးတွင် အမျိုးသမီး ၂ ဦးနှင့် ကလေး ၄ ဦးပါဝင်ပြီး ဇူလိုင်လ ၂၅ ရက် အရုဏ်တက်ချိန်က တိုက်ခိုက်မှုတစ်ခုအတွင်း အိုင်အက်စ်စစ်သွေးကြွများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထိုအချိန်က လူပေါင်း ၃၀ ဦးအား ဓားစာခံအဖြစ် ဖမ်းသွားခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ၃ ဦးမှာ ပိတ်လှောင်ထားစဉ် သေဆုံးသွားခဲ့သည်။

ယခုလို ဓားစာခံများ ပထမအသုတ်လွှတ်ပေးခြင်းသည် Sweida အရှေ့ပိုင်းရှိ Tulol al-Safa တောင်ကုန်းများရှိ စစ်သွေးကြွများအား ဆီးရီးယားစစ်တပ်က တင်းကြပ်စွာ ဝန်းရံထားခြင်း၏ ရလဒ်တစ်ခုဖြစ်ကြောင်း Sweida ပြည်နယ် အုပ်ချုပ်ရေးမှူး Amer al-Ashi က ပြောကြားခဲ့သည်။အခြား ဓားစာခံများလည်း မကြာမီ လွတ်မြောက်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)