အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ပြည်တွင်း ရွှေ့ပြောင်းအခြေချ ဒုက္ခသည်စခန်းတစ်ခု တွင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၂ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရတာဝန်ရှိသူများက ဇူလိုင် ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
အဘူဂျာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် ဇူလိုင် ၂၉ ရက်က ယာဉ်မတော်တဆမှုတစ်ခု ကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ လမ်းအန္တရာယ်ကင်းရှင်းရေးရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ဘက် Ikoroduမြို့ ရှိ Majidun မြစ်အတွင်းသို့ ဖေဖော်ဝါရီ ၁၇ရက် နံနက်ပိုင်းက ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အဘူဂျာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား စစ်တပ်က နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Borno ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခု တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးထားသည့် ဓါးစားခံ ၂၇၅ ဦး အား ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီလ ၅ ရက်က ပြောကြားခဲ့သည်။
အဘူဂျာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ Nnewi မြို့တွင် ဓါတ်ငွေ့ စက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းဋ္ဌာန က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။