ပေကျင်း၊ ဧပြီ ၂၉ ရက် COVID-19 ကပ်ရောဂါ ဖြေရှင်းရေးဆိုင်ရာ BRICSအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဧပြီ ၂၈ ရက် ညပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမှနေ၍ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုကျို၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယသမ္မတဝမ်ချီစန်း(Wang Qishan) က တရုတ်-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုငြိမ်းချမ်းသာယာသော၊ချစ်ကြည်ရင်းနှီးသော၊ပူးပေါင်းဆောင်ရွက်မှုရှိသောလမ်းကြောင်းပေါ်တွင်ဆက်လက်တိုးတက်စေရေး ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ) အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။