Connect with us

Eastern Europe

အမေရိကန်၏ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှားနှင့်အီရန်၏ပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားအရာရှိ ဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး Sergei Ryabkovအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မေ ၅ ရက်(ဆင်ဟွာ)

အမေရိကန်၏ အီရန်ကို ဦးတည်သည့် ပိတ်ဆို့ခြိမ်းခြောက်မှုများက ရုရှား-အီရန် နျူကလီးယားစွမ်းအင် စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို အတားအဆီးဖြစ်စေမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sergei Ryabkovက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

မည်သည့်ပိတ်ဆို့ခြိမ်းခြောက်မှုမျိုးမဆို ရုရှားနှင့်အီရန်၏ တရားဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်မှုကို အတားအဆီးဖြစ်စေမည်မဟုတ်ကြောင်း ရုရှားမီဒီယာများက Sergei Ryabkov၏ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။ ရုရှားအနေဖြင့် ယခုနှစ်ပိုင်းများတွင် အမေရိကန်၏ပိတ်ဆို့မှုများကို တောက်လျှောက်ခံနေရရာ အမေရိကန်၏ဤကဲ့သို့သော တရားမဝင် နည်းလမ်းများကို နေသားကျနေပြီဖြစ်ကြောင်း ၊ အီရန်ကမူ အမေရိကန်၏ပိတ်ဆို့မှုများကို ရင်ဆိုင်ရာမှာ ပို၍ပင်အတွေ့အကြုံရှိကြောင်း ၊ ထို့ကြောင့်ရုရှားအနေဖြင့် အမေရိကန်၏ အလားတူခြိမ်းခြောက်မှုများ ကို အေးအေးဆေးဆေးရှိသလို ခေါင်းငုံ့ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

Sergei Ryabkovက ရုရှားအနေဖြင့် အီရန်နှင့်ပူးပေါင်းဆောင်ရွက်မှုများကို စနစ်တကျ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာဥပဒေနှင့် ရုရှား-အီရန် နှစ်နိုင်ငံဥပဒေ လုံးဝလိုက်နာ စောင့်ထိန်းကာ နျူကလီးယားစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက အမေရိကန်အနေဖြင့် အီရန်၏နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် ဖြစ်နိုင်ခြေများကို လုံး၀ ဖြတ်တောက်နိုင်ရန် အီရန်၏နျူကလီးယားဆိုင်ရာ လှုပ်ရှားမှု ကန့်သတ်ချက်ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း မေ ၃ ရက်တွင် ကြေညာခဲ့သည်။ ၎င်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် မေ ၄ ရက်မှစ၍ အီရန် Bushehr နျူကလီးယား ဓါတ်အားပေးစက်ရုံ၏ လက်ရှိဓာတ်ပေါင်းဖိုကို အခြေပြုသည့် တိုးချဲ့ တည်ဆောက်မှုများ သို့မဟုတ် အားပြည့်ယူရေနီယံ(enriched uranium)ကို အီရန်မှပို့ဆောင်၍ သဘာဝယူရေနီယံ(natural uranium)လဲလှယ်သည့် လုပ်ဆောင်မှုများတွင် ကူညီဆောင်ရွက်မှုများ ရှိပါက အမေရိကန်၏ ပိတ်ဆို့မှုကို ခံရနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)