နယူးဒေလီ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် လေယာဉ်ပြေးလမ်းချော်၍ နှစ်ပိုင်းကျိုးပျက်ကာ လေယာဉ်မှူးနှစ်ဦးအပါအဝင် လူ ၁၇ ဦးသေဆုံးခဲ့ပြီး တစ်ရာကျော်ဒဏ်ရာရရှိခဲ့ကြောင်း Air India Express က ဩဂုတ် ၈ ရက်နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ခြင်းကြောင်း လူသုံးဦးသေဆုံးကာ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ကြေညာခဲ့သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်လာသော Biman Bangladesh Airlineမှ လေယာဉ်တစ်စီးသည် ယနေ့ ည ၆နာရီ ၅၂ မိနစ်တွင်လေယာဉ်ပြေးလမ်း ချော် မှုဖြစ်ပွားခဲ့ရာ လေယာဉ်ဝန်ထမ်းများအပါအဝင် ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။