Connect with us

Africa & Middle East

တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျ၊ လူသုံးဦးသေဆုံး၊ ၁၈၀ ဦး ဒဏ်ရာရ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့ခြင်းကြောင်း လူသုံးဦးသေဆုံးကာ ၁၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာက ကြေညာခဲ့သည်။

လက်ရှိတွင် ဒဏ်ရာရသူများအနက် နှစ်ဦးမှာ အထူးကြပ်မတ်ဆောင်၌ ရှိနေသော်လည်း စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း ကိုကာက ဆိုသည်။လူ ၁၈၃ ဦးလိုက်ပါလာသည့် တူရကီ Pegasus Airlines ပိုင် လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် ည ၆:၁၉ နာရီက လေဆိပ်၌ ဆင်းသက်ပြီး မကြာမီ ပြေးလမ်းချော်သွားခဲ့ခြင်းဖြစ်သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Sabiha Gokcen အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖေဖော်ဝါရီ ၅ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းချော်ကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

အဆိုပါ လေယာဉ်သည် ရာသီဥတုဆိုးဝါးသည့် အခြေအနေကြောင့် ပြေးလမ်းပေါ်မရောက်ဘဲ အမြင့် ၃၀ မှ ၄၀ မီတာခန့်အကွာမှ လမ်းပေါ်သို့ ချော်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အစ္စတန်ဘူလ် အုပ်ချုပ်ရေးမှူး အလီ ယာလီကာယာ (Ali Yerlikaya) က လေဆိပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ပြေးလမ်းချော်မှုကြောင့် လေယာဉ်၏ ရှေ့ပိုင်း လုံးဝပျက်စီးသွားခဲ့သလို လေယာဉ်ကိုယ်ထည်မှာလည်း သုံးပိုင်းကျိုးသွားခဲ့ကြောင်း တူရကီ ရုပ်သံ အသံလွှင့်ဌာနမှ ထုတ်လွှင့်သော ဗီဒီယိုပြကွက်များအရ သိရသည်။ ယင်းဖြစ်ရပ်ကြောင့် နောက်ထပ် ကြေညာချက်မထုတ်ပြန်မချင်း လေဆိပ်ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)