ဂျကာတာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပန်းဖြေစခန်းရှိ ဗီလာတစ်ခုတွင် နိုင်ငံခြားသား ၁၀၃ ဦးကို ဆိုက်ဘာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်မှုဖြင့် ဇွန် ၂၇ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိပြီး ဘာလီကျွန်းတွင်...
ပေါ်တို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) COVID-19 ကူးစက်မှုဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားရသည့် ပေါ်တူဂီနိုင်ငံ၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာသည့်ပြစ်မှုအတွက် လူ ၇ ဦးအား ပေါ်တူဂီလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ပေါ်တူဂီအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက မတ် ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဘဂ္ဂဒက်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) လွန်ခဲ့သောရက်များက အီရတ်တွင် ဖြစ်ပွားခဲ့သော တူရကီ သံတမန်အရာရှိ တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူ တစ်ဦးကို ဇူလိုင် ၂၀ ရက်က အီရတ်နိုင်ငံ Kurdistanဒေသ Erbilမြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဒေသ အစိုးရက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံ အရှေ့ပိုင်း Punjabပြည်နယ်တွင် ဒီဇင်ဘာ ၈ ရက်က အယ်လ်ကိုင်ဒါးအဖွဲ့ဝင် လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အထူးထောက်လှမ်းရေးတပ်ဖွဲ့ သည် မကြာသေးမီကဖြစ်ပွားခဲ့သော ထရီပိုလီမြို့ ရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်ခံရမှုတွင် ပါဝင်သည့် စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်အခွန် စိစစ်ရေး ဌာန(ICE) သည် ၄ရက်ကြာပြုလုပ်သော တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အတွင်း နိုင်ငံခြားသား ၄၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက စက်တင်ဘာလ ၃ဝရက်တွင် ဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့ ၏ မတူညီသောနေရာများတွင် လွန်ခဲ့သည့် ၂၄နာရီအတွင်း ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့၏စီးနင်းမှုများအတွင်း စစ်သွေးကြွအဖြစ်သံသယရှိသူ ၅၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နှင့် ယင်းစစ်ဆင်ရေးများအတွင်း သံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင်...
တီဟီရန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပါရှန်ပင်လယ်ကွေ့ ရှိ အီရန်နိုင်ငံ၏ ရေပိုင်နက်အတွင်း ဆော်ဒီ သင်္ဘောတစ်စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အရာရှိတစ်ဦးက ဇူလိုင် ၂၂ ရက်တွင်ပြောကြားခဲ့သည်ကို Press TV ကဖော်ပြခဲ့သည်။