ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်(၁၁)ရပ်ကွက် အနော်ရထာလမ်းမကြီး ပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို ဖေဖော်ဝါရီ ည ၉နာရီခွဲက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (င/က) ရပ်ကွက်၊ သံသုမာလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အုတ်တံတိုင်းရှေ့ ရေမြောင်းဘေးတွင် ဗုံးဟု ယူဆရသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထည့်ကာ ပစ်ထားခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄...