Connect with us

Environment, Disasters & Accidents

လှိုင်သာယာတွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်အထုပ်တွေ့ရှိ

လှိုင်သာယာမြို့နယ်(၁၁)ရပ်ကွက် အနော်ရထာလမ်းမကြီး ပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်အထုပ်တစ်ထုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Yangon Polices)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

လှိုင်သာယာမြို့နယ်(၁၁)ရပ်ကွက် အနော်ရထာလမ်းမကြီး ပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်အထုပ်တစ်ထုပ်ကို ဖေဖော်ဝါရီ ည ၉နာရီခွဲက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သံသယရှိပစ္စည်းတစ်မျိုးကို ရဲတပ်ဖွဲ့က သဲအိတ်များဖြင့် ကာရံပြီး စစ်ဆေးရာ အရှည်(၁၀)လက်မခန့်၊ လုံးပတ် တစ်လက်မခန့်ရှိ ဆေးအနက် ရောင်သုတ်ထားသော ဝါးလုံး(၃)လုံးအား ကြိုးဖြင့်စုစည်းထားပြီး နောက်ပိတ်တွင် တိတ်အဝါပိတ်ထားကာ ထိပ်ဘက်တွင် အနီရောင်ဝါယာကြိုးစ(၃)စအား အပြင်သို့ထုတ်လျက်တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့သည်။

ယင်း ဗုံးဟုယူဆရသော အထုပ်ကို အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၎င်းပစ္စည်းများမှာ မိုင်းနှင့်ပုံစံတူပြုလုပ်ထားသည့် အရှည်(၁)ပေ၊ လုံးပတ်(၄)လက်မခွဲခန့်၊ အချင်း(၁.၂၅)လက်မခန့်ရှိ စက္ကူပိုက်သာဖြစ်ပြီး ပေါက်ကွဲစေနိုင်သည့်ပစ္စည်း
မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117