ကိုင်ရို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ဖြုတ်ချခံ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ကို တရားစီရင်ရေးအား စော်ကားမှုဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းတင်ပြထားသည်။
ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ နှင့် မွတ်စလင်ညီနောင်အဖွဲ့ဝင် များစွာအား ထောင်ဖောက်ရန် ကြံစည်မှုစွဲချက်များအတွက် ပြန်လည်တရားစီရင်မည့်နေ့ကို ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊အောက်တိုဘာလ ၂၃ ရက်(ဆင်ဟွာ) ဖြုတ်ချခံခဲ့ရသော အစ္စလမ်မစ်ဝါဒီသမ္မတဟောင်း မိုဟာမက်မော်စီ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ခြင်းအား အီဂျစ်တရားရုံးတစ်ရုံးကအောက်တိုဘာလ ၂၂ ရက်တွင်အတည်ပြုခဲ့ကြောင်းသိ ရသည်။အဆိုပါထောင်ဒဏ်အနှစ် ၂၀ အား ၂၀၁၂ ခုနှစ်ကသမ္မတနန်းတော်အပြင်ဘက်တွင်ဖြစ်ပွား ခဲ့သောအကြမ်းဖက်မှုနှင့်လူသတ်မှု များအတွက်တာဝန်ရှိသည်ဟူသောစွဲချက်များဖြင့်စစ်ဆေးအပြစ် ပေးခဲ့ခြင်းဖြစ်သည်။
ကိုင်ရို ၊ မေ ၁၆ ရက် (ဆင်ဟွာ)အီဂျစ် သမ္မတဟောင်း မိုဟာမက် မော်စီ အား ၂၀၁၁ ခုနှစ်တွင် ထောင်ဖောက်သည့် အမှုအတွက် အီဂျစ် တရားရုံးက မေလ ၁၆ ရက်နေ့၌ သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။