Connect with us

Africa & Middle East

တရားစီရင်ရေးအား စော်ကားမှုဖြင့် အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီကို ထောင်ဒဏ် ၃ နှစ် ချမှတ်

ကိုင်ရို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဖြုတ်ချခံ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ကို တရားစီရင်ရေးအား စော်ကားမှုဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းတင်ပြထားသည်။

မော်စီ၏ မူဆလင် ညီအစ်ကိုတော်များအဖွဲ့ဝင် အခြားသူ ၁၈ ဦးကိုလည်း အလားတူ ပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

တရားခံများသည် တရားသူကြီးအချို့အား စော်ကားမှုနှင့် ၎င်းတို့အား မုန်းတီးမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်းဖြင့် တရားစီရင်ရေးအား စော်ကားကျူးလွန်သည်ဟု စွပ်စွဲခံထားရကြောင်း တရားသူကြီးက ဖတ်ကြားခဲ့သည်။

လက်ရှိတွင် မော်စီသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းက ၎င်းအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အကြီးအကျယ် တိုက်ခိုက်မှုများ ဖြစ်ပွားစေသဖြင့် ထောင်ဒဏ် နှစ် ၂၀၊ ကာတာနိုင်ငံသို့ စာရွက်စာတမ်းများ ပေါက်ကြားမှုကြောင့် ထောင်ဒဏ် ၂၅ နှစ် စသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းခံထားသူဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117