ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံ၌ ဇူလိုင် ၂ ရက်က ကြီးမားသည့် မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဆော်ပေါ်လို၊ မတ် ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် မြေပြိုမှုများစွာဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၃၁ ဦးအထိ ရှိလာကာ ၄၉ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ပန်ဂျပ် ၊ အိန္ဒိယ ၊ သြဂုတ် ၂ဝ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမာချယ်ပါရာဒက်ရှ် ( Himachal Pradesh ) ၊ ဥထရာခန် ( Uttarakhand) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်များတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့်...
ဘိုဂိုတာ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် ကိုလံဘီယာနိုင်ငံ နောက်တောင်ပိုင်း Caucaပြည်နယ် ၊Rosas မြို့တွင် ဧပြီ ၂၁ ရက်နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အပြင် အခြားလူ ၂၀ ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံ...
ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများသည် ရွှံ့ညွန်များအတွင်း ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ သေဆုံးသူ ၁၄ဦးအထိ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားပြည်နယ် အနောက်ပိုင်းတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
မနီလာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Naga မြို့တွင် မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် ယနေ့ (သြဂုတ်လ ၁၃ ရက်) မြေပြိုမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ ဘတ်စ်ကား နှစ်စီး မြေဖုံးလွှမ်းခံရပြီး အနည်းဆုံး လူ ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ မေ ၂၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ မေလ ၂၈ ရက်အထိ သေဆုံးသူ ၁၂၆ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။