Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိလာ

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ် ပီရာစီကာဘာမြို့ပြင်ပရှိ ပီရာစီကာဘာမြစ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ မတ် ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် မြေပြိုမှုများစွာဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၃၁ ဦးအထိ ရှိလာကာ ၄၉ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။

လူဦးရေးအထူထပ်ဆုံးသော ပင်လယ်ကမ်းခြေ အပန်းဖြေမြို့များအနက်တစ်ခုဖြစ်သည့် ဂွာရုဂျာမြို့အပြင် ဆန်တို့စ်မြို့နှင့် ဆော်ဗင်စီတီမြို့များတွင် သေဆုံးသူ ၂၅ ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆော်ပေါ်လိုအစိုးရက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။အဆိုပါ ဖြစ်ရပ်ကြောင့် လူဦးရေ ၅၀၀ ဦးခန့်သည် နေအိမ်များမှ ပြောင်းရွှေ့ခဲ့ရပြီး ယာယီနားခိုရာနေရာများ၌ နေထိုင်လျက်ရှိကြောင်းနှင့် ယင်းနေရာတဝိုက်တွင် မီးသတ်သမားများက ပျောက်ဆုံးသူများအား ရှာဖွေရေးဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။ဆော်ပေါ်လိုအစိုးရက နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် အထောက်အပံ့များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပစ္စည်းပေါင်း ၂၁ တန်ကို ပို့ဆောင်ရန် ကြေညာခဲ့သည်။ပြီးခဲ့သည့်လက ဆော်ပေါ်လိုပြည်နယ်၌ ၇၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှုဖြစ်ပွားခဲ့ကြောင်း ဘရာဇီးနိုင်ငံ မိုးလေဝသဌာနက ကြေညာခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117