Connect with us

International Organizations

ကုလသမဂ္ဂ အကြီးအကဲက မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် များစွာသော အသက်ဆုံးရှုံးမှုများအတွက် ဝမ်းနည်းစကားဆို

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျရာနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department)

ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံ၌ ဇူလိုင် ၂ ရက်က ကြီးမားသည့် မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အစိုးရ ၊ ပြည်သူများ နှင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် ထပ်တူပူဆွေးဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် ဘေးဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆက်လက်ဆောင်ရွက်မှုများအတွက် ပါဝင်ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျရာနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar Fire Services Department) 

မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၌ မုတ်သုန်မိုးရွာသွန်းပြီး ကြီးမားသော မြေစာပုံပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ရာ ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ၁၆၆ ဦးနှင့် ဒဏ်ရာရရှိသူ ၅၄ ဦး ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ (Xinhua)