ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားနိုင်ငံက အသိအမှတ်ပြုကြောင်း KCNA သတင်းအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-huiက ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို အသိအမှတ်ပြုသည်ဟု ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။ မြောက်ကိုရီးယား၏ဤဆုံးဖြတ်ချက်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။...
ကုလသမဂ္ဂ၊ မေ ၂၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေ ၂၆ ရက်တွင် အမေရိကန်နိုင်ငံမှ အဆိုပြုသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်ရေးဆုံးဖြတ်ချက်မူကြမ်းအပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာ တရုတ်နှင့် ရုရှားတို့မှ ကန့်ကွက်မဲပေးခဲ့ခြင်းကြောင့် ဆုံးဖြတ်ချက်မူကြမ်း အတည်မပြုနိုင်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက မဲခွဲဆုံးဖြတ်မှုပြီးနောက်...
ပြုံယမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံတွင် ဖျားနာသူများမှာ မေ ၁၆ ရက်၌ ၂၆၉,၀၀၀ ခန့် ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၁.၄၈ သန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က မေ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပြုံယမ်း၊ မေ ၁၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးဌာနချုပ်သို့ သွားရောက်စဉ် ကိုဗစ်-၁၉ (COVID-19) ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် အလျင်အမြန်ဆောင်ရွက်ရေးအတွက် မေ ၁၂ ရက်က တိုက်တွန်းခဲ့ကြောင်း Korean Central News Agency က သတင်းဖော်ပြခဲ့သည်။...
ပြုံယမ်း၊ မေ ၁၂ ရက် (ဆင်ဟွာ) ယခုလ ၈ ရက်တွင် မြောက်ကိုးရီးယား အမျိုးသားအရေးပေါ် ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ပြုံယမ်းမြို့ ဖျားနာမှု လက္ခဏာရှိ လူနာအချို့ကို နမူနာယူ၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ပြီးနောက် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိခဲ့ကြောင်း Korean Central News Agency (KCNA)က မေ ၁၂...
ကုလသမဂ္ဂ ၊ မေ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) အပေါ် တိုးမြှင့်ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် ကြိုးပမ်းချက်အား ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက မေ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်ကြောင်း သိရသည်။ကိုရီးယားကျွန်းဆွယ်အရေးကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ တွေ့ဆုံဆွေးနွေးရေး နှင့် ညှိနှိုင်းတိုင်ပင်ရေးသာ...
ဆိုးလ်/တိုကျို ၊ မေ ၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် ၎င်း၏ အရှေ့ပင်လယ်ပြင်သို့ ဦးတည်၍ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံအစိုးရက ယနေ့ မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပြုံးယမ်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) ၏ မြို့တော် ပြုံးယမ်းမြို့လယ်ရှိ Kim Il Sung ရင်ပြင်၌ ဧပြီ ၂၅ ရက်ညပိုင်းတွင် ကိုရီးယားပြည်သူ့တပ်မတော်(KPA) ထူထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲတစ်ခုအား ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA...
ပြုံးယမ်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တောင်ကိုးရီးယားက မြောက်ကိုးရီးယားနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု လုပ်ဆောင်ရန် ရွေးချယ်ခဲ့ပါက မြောက်ကိုးရီးယား၏ နျူးကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဌာနညွှန်ကြားရေးမှူး Kim Yo Jong က ဧပြီ ၄...
ပြုံယမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မတ် ၂၄ ရက်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Korean Central News Agency (KCNA) က မတ် ၂၅ ရက်၌...