Connect with us

Media

မြောက်ကိုရီးယားနိုင်ငံက ဗျူဟာမြောက်ခရုဇ်ဒုံးကျည် စမ်းသပ်

ဆိုးလ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ဒုံးကျည်ဆိုင်ရာဦးစီးဌာနက လက်ရှိတီထွင်နေဆဲဖြစ်သော “Pulhwasal-3-31” ဗျူဟာမြောက်ခရုဇ်ဒုံးကျည်အမျိုးအစားသစ်ကို ဇန်နဝါရီ ၂၄ ရက်က ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း Korean Central News Agency (KCNA) သတင်းအေဂျင်စီက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ စမ်းသပ်ပစ်ခတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးအပေါ် သက်ရောက်မှုမရှိကြောင်းနှင့် ဒေသတွင်းအခြေအနေကိုလည်း မည်သို့မျှလုပ်ဆောင်မည်မဟုတ်ကြောင်း သတင်းက ဆိုသည်။

ထို့သို့စမ်းသပ်ပစ်ခတ်မှုသည် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်စနစ်ကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းနှင့် ဒုံးကျည်ဆိုင်ရာဦးစီးဌာနနှင့် မိတ်ဖက်ဖြစ်သော ကာကွယ်ရေးသိပ္ပံအင်စတီကျုများကြား ပုံမှန် လုပ်ငန်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

……………………………….
(English Version)
DPRK test-fires strategic cruise missile
SEOUL, Jan. 25 (Xinhua) — The Missile Administration of the Democratic People’s Republic of Korea (DPRK) on Wednesday conducted the first test-fire of the new-type strategic cruise missile “Pulhwasal-3-31” under development, the official Korean Central News Agency (KCNA) reported on Thursday.
The test-fire had no impact on the security of neighboring countries and has nothing to do with the regional situation, the report said.
The test-fire is a process of constant updating of DPRK’s weapon system and a regular and obligatory activity of the Missile Administration and its affiliated defence science institutes, it added.