Connect with us

Media

ပင်လယ်ရေအောက်မှ ပစ်လွှတ်နိုင်သော ဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင်ကြီးကြပ်

ဆိုးလ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် အသစ်တီထွင်ထုတ်လုပ်ထားပြီး ပင်လယ်ရေအောက်မှ ပစ်လွှတ်နိုင်သော ဗျူဟာမြောက် ခရုဇ်ဒုံးကျည် “Pulhwasal-3-31” စမ်းသပ်မှုကို ဇန်နဝါရီ ၂၈ ရက်က ကြီးကြပ်ခဲ့ကြောင်း Korean Central News Agency (KCNA) က ဇန်နဝါရီ ၂၉ ရက်၌ သတင်းဖော်ပြခဲ့သည်။
မြောက်ကိုရီးယား ရေတပ်မှ စမ်းသပ်ပစ်လွှတ်သော ခရုဇ်ဒုံးကျည်နှစ်စင်းသည် ပစ်မှတ်ထားသော ကျွန်းအား မထိမှန်မီ အရှေ့ဘက်ပင်လယ်ပြင်အထက် ၇,၄၂၁ စက္ကန့်နှင့် ၇,၄၄၅ စက္ကန့် အသီးသီး ပျံသန်းခဲ့ကြောင်း KCNA က သတင်းဖော်ပြခဲ့သည်။

အဆိုပါ စမ်းသပ်မှုသည် မည်သည့်အိမ်နီးချင်းနိုင်ငံ၏ လုံခြုံရေးကိုမျှ သက်ရောက်မှုမရှိသလို ဒေသတွင်း အခြေအနေကိုလည်း မည်သို့မျှလုပ်ဆောင်မည်မဟုတ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
“မြောက်ကိုရီးယားနိုင်ငံ ရေတပ်ရဲ့ နျူကလီးယားလက်နက်အသုံးပြုခြင်းက ခေတ်ကာလတွေရဲ့ အရေးကြီးတာဝန်နဲ့ နိုင်ငံရဲ့ နျူကလီးယား မဟာဗျူဟာအင်အား တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်” ဟု ကင်၏ ပြောကြားချက်အား ကိုးကား၍ KCNA က သတင်းဖော်ပြထားသည်။ (Xinhua)

……………………………………
(English Version)
Top DPRK leader guides test-fire of submarine-launched strategic cruise missile — KCNA
SEOUL, Jan. 29 (Xinhua) — Kim Jong Un, the top leader of the Democratic People’s Republic of Korea (DPRK), guided the test-fire of the newly-developed submarine-launched strategic cruise missile “Pulhwasal-3-31” on Sunday, the official Korean Central News Agency (KCNA) reported Monday.
Two cruise missiles the DPRK navy test-fired flew above the eastern waters for 7,421 seconds and 7,445 seconds respectively before hitting the island target, the KCNA report said.
The test-fire had no impact on the security of any neighboring country and had nothing to do with the regional situation, it said.
“The nuclear weaponization of the country’s navy is an urgent task of the times and a core requirement for building the state nuclear strategic force,” Kim was quoted by KCNA as saying.