ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ မဟာဗျူဟာဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် တပ်လှန့်ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝဘ်ဆိုက် သတင်းများအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) အမေရိကန် ဒရုန်းယာဉ်များ သည် ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သတ်နေပြီး ယူကရိန်းတပ်များကို အထောက်အပံ့ပေးနေကြာင်း ရုရှားစစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင် အချို့က ကိဗ်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိဗ်မြို့ပေါ်နှင့် ဆင်ခြေဖုံးဒေသများသည် ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ် ပင်မအင်အားက ယနေ့တွင် စီစဉ်ထားသည့် စစ်ရေးလှုပ်ရှားမှုကို ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းက...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုပ်သံတစ်ခုကို ထုတ်ပြန်ခဲ့ရာ ထိုရုပ်သံထဲတွင် Lugansk မှ ရုရှားက ကျောထောက်နောက်ခံပြုထားသည့် တပ်ဖွဲ့မှ စစ်တပ်သုံးယာဉ်များ Siverskyi Donets မြစ်အား ဖြတ်ကူးနေပုံများကို ရိုက်ကူးထားခြင်းဖြစ်သည်။ (Xinhua) ……………………….....
ကိဗ်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ဒွန်ဘတ်စ်ဒေသသို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံ (ကိဗ်) မှ ရုရှားနိုင်ငံ (မော်စကို) သို့ သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ (Xinhua) ………………………………...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မှ ခေါင်းဆောင်များက ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က နေတိုးအနေဖြင့် လိုအပ်သော အခြေအနေအောက်တွင်...
မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ၈၂၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………… (English Version) Urgent:...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ရှိ Peremohy prospect ယာဉ်လမ်းကြောတွင် ယူကရိန်းစစ်တပ်အား ထိုးစစ်ဆင်ခဲ့ရာ ယူကရိန်းစစ်တပ်မှ ယင်းတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက် အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပြောကြားထားသည်ကို ယူကရိန်းမီဒီယာက သတင်းဖော်ပြခဲ့သည်။...